အပတ်စဉ် ဗေဒင်ဟောစာတမ်း (၁၀-၁၁-၂၀၁၉ မှ ၁၆-၁၁-၂၀၁၉ ရက်နေ့အထိ)

baydin-10-18-nov19.jpg

ဆရာကင်္ကသူရဲ့ စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၁၀-၁၁-၂၀၁၉ မှ ၁၆-၁၁-၂၀၁၉ ရက်နေ့အထိ) တွက်ချက် လမ်းညွှန်ပေးထားမှုကို ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွင်း တနင်္ဂနွေသားသမီးတို့-

စီးပွားရေး။ ။ ရွှေနှင့်ပါတ်သက်သောလုပ်ငန်း၊ စိန်၊ကျောက်မျက်ရတနာလုပ်ငန်းများ၊ ရတနာပစ္စည်းတူဖော်ခြင်းနှင့် ကျောက်စိမ်းတူဖော်ခြင်းများ လုပ်ငန်းကောင်းသောကာလဖြစ်သည်။ စက်မှု့လုပ်ငန်းများလည်း အသင့်အတင့်ကောင်းပါသည်။အထူးသတိထားရမယ့်စီးပွားရေးလုပ်ငန်းကတော့ လောင်ကစားဆန်တဲ့ လုပ်ငန်းတွေဖြစ်ပါတယ်၊ သတိထားလုပ်ကိုင်ရပါလိမ့်မယ်။

ကျန်းမာရေး။ ။ ဒီတစ်ပါတ်အတွက်တော့ မျက်လုံးသတိထားရလိမ့်မယ်၊ မျက်လုံးကို အပြင်က အရာတစ်ခုခုထိမှန်လို့ ဆေးရုံတက်ရတတ်တယ်၊ သတိအထူးထားရပါလိမ့်မယ်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနဲ့ကတော့ မိမိရည်မှန်းထားသူနှင့် အဆင်ပြေရန် အချိန်စောင့်ရ လိမ့်မည်။ မထင်မှတ်ထားသော ပြသနာတစ်ခုက အတားအဆီးဖြစ်လိမ့်မည်။ အိမ်ထောင်ရှင်များအနေနှင့် အိမ်ထောင်ရှိသူ ငယ်ချစ်ဟောင်းနှင့် ပြန်တေါ့နေတတ်သည်။ထို့အတွေ့က လက်ရှိအိမ်ထောင်ရေးကို အဆင်မပြေစေပါ။

ပညာရေး။ ။ ပညာရေးအနေနှင့် ကံကောင်းပါသည်၊ ဝင်ခွင့်အောင်မည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း စာချုပ်များတွင် လက်မှတ်မထိုးသင့်ပါ။ နိုင်ငံဝန်ထမ်းများ ကံကောင်းပြီး ငွေဝင်မည်။

အကျိုးပေးဂဏန်းမှာ ။ ။၁။၂။၉

ယတြာ။ ။ တနင်္ဂနွေနေ့ တွင်ရဟန်းတစ်ပါးပါးကို ဆွမ်းလှူပါ။ လိုရာဆုတောင်းပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့-

စီးပွားရေး။ ။ ဒီတစ်ပါတ်စီးပွားရေးလုပ်ငန်းများတွင် စက်ရုံအလုပ်ရုံလုပ်ငန်းများ၊ဆောက်လုပ်ရေးလုပ်ငန်းများ၊ လုပ်ငန်းတိုးချဲ့ခြင်း ဆောင်ရွက်ရမည့်အချိန်ဖြစ်သည်။ ရေသန့်လုပ်ငန်းနှင့် ပလပ်စတစ်လုပ်ငန်းများ အထူးကောင်းပါသည်။ ဝန်ထမ်းများ တော်လှန်တတ်သဖြင့် သတိတော့ထားပါ။ ဘဏ်ချေးငွေရမည်။

ကျန်းမာရေး။ ။ အသဲနှင့်ဆိုင်သော ရောဂါရတတ်သည်။ ပြင်အနေနှင့် ညာဘက်ခြေထောက် နှင့် ဒူးတွင် ဒဏ်ရာရတတ်သည်။ သတိပြုပါ။ အရက်သောက်တတ်သူများ အရက်ကြောင့်ဖြစ်သော ရောဂါမျာခံစားရမည့်အချိန်ဖြစ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် မိမိတို့ချစ်သူနှစ်ဦး ဘယ်လောက်ချစ်နေပါစေ လက်ထပ်ရန်မဖြစ်နိုင်သည့် အခြေအနေတစ်ခု ထင်မှတ်မထားဘဲ ရောက်လာမည်၊ စိတ်ညစ်ရမည်။ အိမ်ထောင်သည်များလည်း အိမ်ထောင်ရေး အရှုပ်အထွေးတစ်ခု ဖြစ်ပေါ်နေပြီး စိတ်အလွန်ညစ်နေရမည်။

ပညာရေး။ ။ပညာရေးအနေနှင့် ကြိုးစားသလောက် ကံကောင်းပါတယ်။

အထွေထွေ။ ။ ဒီတစ်ပါတ်မှာလည်း မိမိ၏ အိမ်အနီးတွင် မဂ်လာမောင်းထုသံကြားပါက ထီထိုးပါ။ နိုင်ငံဝန်ထမ်းများ စိတ်သောကရောက်ရမည့် ကာလဖြစ်ပြီး အထက်အရာရှိကြောင့် စိတ်လေရမည်။

အကျိုးပေးဂဏန်း – ၂ ၊၇ ၊ ၈။

ယတြာ– တနင်္လာနေ့တွင် တနင်္လာထောင့်ရှိ ဘုရားကို ပူဇော်ပြီး ရေသက်စေလှူပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့-

စီးပွားရေး။ ။ ကားလုပ်ငန်း၊ခရီးသွားဝန်ဆောင်မှု့လုပ်ငန်း၊ ခရီးသွားကားလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သောလုပ်ငန်းများ အလွန်ကောင်းသောကာလတစ်ခုဖြစ်သည်။ ခရီးသွားခြင်းနှင့်ပါတ်သက်ပြီး ပန်းချီ၊ပန်းပု စသည့် အနုပညာဆိုင်ရာလုပ်ငန်းများ၊ ခရီးသွားခြင်းနှင့်ဆိုင်သော မှတ်တမ်းတင်ရုပ်ရှင်ရိုက်ကူးခြင်းများ အလွန်ကောင်းပါသည်။

ကျန်းမာရေး။ ။ ဒီတစ်ပါတ်အတွင်း မတော်တဆထိခိုက်မိခြင်း၊ အထူးသခြင့် ညာဘက်ပေါင်နှင့် ခြေသလုံးတွင် ဒဏ်ရာရခြင်းရှိတတ်ပါသည်။ ဆေးရုံတွင် ခွဲစိတ်ရမည့်သူဖြစ်ပါက မေ့ဆေးအတွက် အထူးသတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် စိတ်မြန်သော၊စိတ်ဆပ်သော ချစ်သူကိုရမည်။ ဆုံးဖြတ်ချက်မြန်သဖြင့် မှားတတ်သည်။ အိမ်ထောင်သည်များ ကံကောင်းပြီး သာယာမည်။

ပညာရေး။ ။ပညာရေးအနေနှင့် တက္ကသိုလ်ဝင်တန်းဖြေမည့်သူများ စာကိုအထူးအလေးပေးပါ။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း မိမိအိမ်ရှေ့သို့ အရုပ်ကသော အလှူခံရောက်ရှိပါက (ချက်ခြင်း)ထီထိုးလိုက်ပါ ပေါက်ရန်ရာနှုံန်းများသည်။ နိုင်ငံဝန်ထမ်းများ ငွေရေးကြေးရေးအဆင်ပြေမည်၊ ခရီးသွားရမည်။

အကျိုးပေးဂဏန်း – ၂၊ ၅၊ ဝ။

ယတြာ – အင်္ဂါနေ့တွင် အင်္ဂါနံဘွဲ့အမည်ပါသော ဘုရားတွင် သန့်ရှင်းရေးဆောင်ရွက်ပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့-

စီးပွားရေး။ ။ အထည်အလိပ်လုပ်ငန်း၊မှန်လုပ်ငန်း၊ဖုန်းနှင့် ဖုန်းအပိုပစ္စည်းလုပ်ငန်း၊ ပြည်ပမှတင်သွင်းသည့် ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ အထူးကောင်းပါသည်။ ဆက်သွယ်ရေးကုမ္ပဏီနှင့် ဆက်စပ်သော လုပ်ငန်းများအလွန်ကောင်းပါသည်။ သတိထားရန်မှာ ရေနှင့်ပါတ်သက်သောလုပ်ငန်းများ၊ ငါးလုပ်ငန်း၊ရေသန့်လုပ်ငန်းများ အခက်အခဲတွေ့ရပြီး ဝန်ထမ်းပြသနာတက်တတ်ပါသည်။

ကျန်းမာရေး။ ။ အကြောနှင့်သက်ဆိုင်သောရောဂါ၊ အကြောသေခြင်း၊အဆစ်ကိုက်ခြခြင်းများ ဖြစ်မည်။ အထူးသဖြင့် မျက်လုံးကြည့်မကောင်းဖြစ်မည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် အလွန်စိတ်ညစ်ရသော အချစ်ရေးဖြစ်မည်၊ ချစ်သူနှစ်ယောက်နှင့် အလွန်ဗျာများနေရလိမ့်မည်။ တစ်ယောက်ယောက်ကို ရွေးချယ်လိုက်ပါ။ အိမ်ထောင်ရေးတွင်လည်း ကြားလူတစ်ယောက်ပါနေတတ်ပြီး စိတ်သောကရောက်နေရတတ်သည်။

ပညာရေး။ ။ပညာရေးအနေနှင့် အလွန်ကောင်းပါသည်။ ဘွဲ့ထူးတစ်ခု ရလိမ့်မည်။

အထွေထွေ။ ။ ယခုတစ်ပါတ်တွင် အိမ်၊ခြံ၊မြေ ကိစ္စနှင့်ပါတ်သက်ပြီး စာချုပ်များတွင် လက်မှတ်မထိုးပါနှင့် ပြသနာတက်တတ်သည်။ ဝန်ထမ်းများလည်း အထက်လူကြီး၏ ရုံးကိစ္စနှင့်မဆိုင်သော ပုဂ္ဂိလိကလုပ်ငန်းဆိုင်ရာ စာချုပ်တွင် သက်သေလက်မှတ်ရေးထိုးမိပါက နောင်တွင် အလုပ်ပြုတ်၊ထောင်ကျနိုင်သည်အထိ ဖြစ်တတ်သည်။ အထူးသတိပြုပါ။

ရာဟု ရာဟု သားသမီးတို့ကတော့ ကျန်းမာရေး အနေနှင့် သွားရောဂါရတတ်သည်။ အချစ်ရေးတွင် ကံကောင်းနေပြီး၊ အိမ်ထောင်ရေးကတော့ အေးစက်နေပါလိမ့်မည်။ စီးပွားရေးတွင် ရေ လုပ်ငန်းကို မပြုလုပ်သင့်ပါ။ ဝန်ထမ်းဖြစ်ပါက ကံကောင်းပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၃ ၊၅ ၊ ဝ။

ယတြာ။ ။ ဗုဒ္ဓဟူးနေ့ နံနက်တွင် ရဟန်းများကို ဆွမ်းလောင်းပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသပတေးသားသမီးတို့-

စီးပွားရေး။ ။ပညာရေးနှင့်ဆိုင်သောလုပ်ငန်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ကောလိပ်များ၊ ပုဂ္ဂိလိကတက္ကသိုလ်များ အခြေအနေကောင်းပါမည်။ ငွေဝင်လည်း အထူးကောင်းပါမည်။ စိတ်ညစ်ရမည့်အချက်မှာ ငွေကိစ္စနှင့် ဝန်ထမ်းကိစ္စဖြစ်မည်၊ ဝန်ထမ်းမမြဲခြင်းနှင့် ချေးငွေမရခြင်းက မိမိလုပ်ငန်းကို အနှောက်အယှက်ပြုမည်။ အစုရှယ်ယာမခေါ်ပါနှင့် နောင်တစ်ချိန် ပြသနာဖြစ်မည်။

ကျန်းမာရေး။ ။ ရင်ဘတ်အောင့်ခြင်း၊အစာခြေအဖွဲ့အစည်းနှင့် အစာအိမ်တွင် ပြသနာကြီးဖြစ်တတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးကံကောင်းနေပြီး မိမိနှင့် လက်ထပ်ရန် အခွင့်အရေးများရမည်။ အိမ်ထောင်ရေးအနေနှင့် အလုပ်ကိုအကြောင်းပြုပြီး ဝေးကွာနေတတ်သည်။

ပညာရေး။ ။စာရင်းအင်းပညာ၊စီးပွားရေးဆိုင်ရာ ပညာများ တက်ရောက်သင့်သည်။

အထွေထွေ။ ။ ဝန်ထမ်းများ အထက်လူကြီး ကိုအကြောင်းပြုပြီး ငွေဝင်မည်၊ သတိတော့ထားရမည်၊ ငွေပူဖြစ်တတ်ပြီး နောင်တစ်ချိန် မိမိအား ပြန်လောင်တတ်သည်။

အကျိုးပေးဂဏန်း – ၁။၃ ၊၅ ၊ ။

ယတြာ – ကြာသာပတေးနေ့တွင် တောင်းရမ်းနေသူအဖွားအိုတစ်ဦးအား စားသောက်စရာများ ဝယ်လှူပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့-

စီးပွားရေး။ ။ စာပေးနှင့်ဆိုင်သော လုပ်ငန်းများ၊ စာအုပ်ထုတ်ဝေခြင်း၊ အင်တာနက်ဆိုင်ရာ လုပ်ငန်းများ၊ စာကြည့်တိုက်လုပ်ငန်း၊ သတင်းထောက်နှင့် မီဒီယာလုပ်ငန်းများ၊ ကြေညာလုပ်ငန်းများ၊ အရောင်မြင့်တင်ရေး လုပ်ကိုင်နေသူများ အထူးကံကောင်းပါသည်။ လုပ်ငန်းများအတွက်ငွေလိုအပ်ပါကလည်း ဘဏ်ချေးငွေ အလွယ်တစ်ကူရတတ်သည်။ သတိထားရမည်မှာ ကျောက်မျက်ရတနာနှင့်ပါတ်သက်ပြီး လုပ်ကိုင်နေသူဖြစ်ပါက ပြသနာတက်တတ်သည်။

ကျန်းမာရေး။ ၊ အရိုးကျိုးတတ်သည်။ အကြောညတ်ခြင်းလည်း ဖြစ်မည်။ ရေချိုးများခြင်းကြောင့် အဖျားရောဂါရတတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းသလိုရှိသော်လည်း အမှန်မှာ ဟန်ဆောင်သော အချစ်တုကို ရလိမ့်မည်။ ငွေမက်သူနှင့်တွေ့နေမည်၊ သတိပြုပါ။ အိမ်ထောင်ရှင်များလည်း စီးပွားရေးအကြောင်းပြုပြီး အခက်အခဲတွေ့ရလိမ့်မည်။

ပညာရေး။ ။ပညာရေးအနေနှင့်ဈေးကွက်ဆိုင်ရာပညာရပ်တစ်ခုခုကို အထူးလေ့လာပါ။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း အစိုးရဝန်ထမ်းများ ကံကောင်းပါလိမ့်မည်။ ထီပေါက်တတ်သည်။

အကျိုးပေးဂဏန်း – ၁ ၊ ၉ ၊ ဝ။

ယတြာ – သောကြာနေ့တွင် ဘုန်းတော်ကြီးကျောင်းတွင် သောက်ရေလှူပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့-

စီးပွားရေး။ ။ အနုပညာနှင့်ဆိုင်သော ဆိုခြင်း၊ကခြင်း၊ပြဇတ်အဖွဲ့၊ ရုပ်ရှင်နှင့်ဂီတဆိုင်ရာ လုပ်ငန်းများ၊ ထုတ်လုပ်ခြင်း၊ ဖြန့်ချီခြင်းများ ကောင်းကောင်းလုပ်ဆောင်သင့်သည့် အချိန်ဖြစ်သည်။ ရုပ်ရှင်ရိုက်ကူးရန်ပြင်ဆင်ခြင်း၊ သီချင်းခွေကူးယုခြင်း၊ ပန်ချီပြပွဲဆောင်ရွက်ခြင်း၊ စသည့် အနုပညာဆိုင်ရာစီးပွားရေးလုပ်ငန်းများ အထူးကောင်းပါသည်။ သတိပြုရမည်မှာ အနုပညာရှင်များ ကံကောင်းဖြင်းမဟုတ်ဘဲ အနုပညာနှင့် စီးပွားရှာသူများ ကံကောင်းဖြင်းဖြစ်သည်။

ကျန်းမာရေး။ ။ ဆီးနှင့်ပါတ်သက်သောရောဂါ။ ဆီကျောက်တည်ခြင်းဖြစ်မည်။ ကျောက်ကပ်ဖြစ်တတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် မိမိထက်အသက်ကြီးသူ၊ဂုဏ်ကြီးသူ၊ပညာ-ဥစ္စာကြီးသူနှင့် ဖူးစာဆုံမည်။ အိမ်ထောင်သည်များလည်း တာဝန်များကြောင့် နယ်ဝေး ခွဲနေရတတ်သည်။

ပညာရေး။ ။ပညာရေးအနေနှင့် အနုပညာဆိုင်ရာပညာရပ်တစ်ခုခုကို လေ့လာပါ။

အထွေထွေ။ ။ ဝန်ထမ်းများ ကံအထူးကောင်းပါသည်။ အထက်လူကြီး၏ မစမှု့ရရှိမည်။

အကျိုးပေးဂဏန်း – ၃။၇။၀ ၊

ယတြာ – စနေနေ့တွင် ရဟန်းတစ်ပါးကို ငွေ ၇၀၀ လှူပါ။

ဆရာကင်္ကသူ (ရိုးရာလေး)
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top