အသက်ဓာတ်နှင့်ဆိုင်တဲ့ အသက်လမ်းကြောင်း

life-c.jpg

လက္ခဏာပညာရပ်မှာ အသက်လမ်းကြောင်းနဲ့ပတ်သက်ပြီး ရှေးဆရာကြီးများမှသည် ယနေ့တိုင် လေ့လာ သုတေသနပြုလျက်ရှိပါတယ်။ လက္ခဏာပညာရပ်ဆိုတာ ကျယ်ပြန့်တဲ့ပညာရပ်ဖြစ်တာကြောင့်

အသစ်ရှာဖွေခြင်းနဲ့လက်ဆင့်ကမ်းနေရခြင်းလည်း ဖြစ်ပါတယ်။ ကမ္ဘာကျော် Hand Analysis Journal (USA) ရဲ့အဆိုအရ ကမ္ဘာပေါ်မှာ လက္ခဏာပညာရပ်ကို ယုံကြည်တဲ့သူဟာ အခြားဗေဒင်ကို ယုံကြည်သူထက် များကောင်းများနိုင်ပြီး အဲဒီထက်တော့ မနည်းနိုင်ပါ လို့ ရေးသားဖော်ပြထားပါတယ်။ တိုးတက်တဲ့ အနောက်နိုင်ငံတွေမှာတော့ လက္ခဏာပညာကိုသာ အဓိကမေးလေ့ရှိပြီး အမေးများတဲ့မေးခွန်းက အသက်ဘယ်လောက်နေရမလဲ ဆိုတဲ့မေးခွန်းပဲ ဖြစ်ပါတယ်။ လက္ခဏာပညာရှင်တွေက ဒီအမေးကို မှန်မှန်ကန်ကန်ပဲ ပြောပြနိုင်ခဲ့ကြပါတယ်။ ဒီတစ်ပတ်မှာတော့ လက္ခဏာပညာရပ်ထဲက အသက်လမ်းကြောင်းနဲ့ဆိုင်တဲ့ အကြောင်းအရာ အနည်းငယ်ကို တင်ပြလိုပါတယ်။

လူတွေမှာ မွေးဖွားလာပြီဆိုခြင်းရဲ့အဆုံးသတ်က သေဆုံးခြင်းဖြစ်တာကို အားလုံးသိရှိကြပြီးဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူ့ဘဝမှာ နေရတဲ့အချိန်အတွင်း လုပ်ဆောင်ဖွယ်ရာ အရပ်ရပ်ကို မပြီးနိုင်အောင် လုပ်ဆောင်ကြရပါတယ်။ မှန်ကန်တဲ့ တရားထူးကို လက်ဝယ်ပိုင်ပိုင်ရရှိထားတဲ့ သူတော်စင်ကြီးတွေမှအပ လူအများစုဟာ သေဆုံးရမှာကို ကြောက်တတ်ကြတာ သဘာဝပါ။ ရာထူးကြီးမားသူ၊ ဩဇာအာဏာပြည့်ဝသူ၊ချမ်းသာကြွယ်ဝသူတွေဟာလည်း မိမိတို့ လက်ရှိရရှိခံစားနေရချိန်မှာ ချစ်ခင်ရတဲ့ မိသားစုနဲ့ သေခွဲ ခွဲခွာရမှာကို လွန်စွာကြောက်ရွံကြတာက ထူးဆန်းတဲ့အရာတော့ မဟုတ်ပါဘူး ။

ထိုသေခြင်း၊ ခွဲခွာခြင်းတွေနဲ့ ပတ်သက်ပြီး သင့်လက်ဖဝါးပြင်က အသက်လမ်းကြောင်း ( Line Of Life) က သင့်ဘဝရဲ့ အခြေအနေအချို့ကို ပြောပြနေပါတယ်။ ထိုလမ်းကြောင်းဟာ အသက်ကိုသာ ပြောပြနေတာမဟုတ်ဘဲ ဘဝနဲ့ဆိုင်တဲ့ အခြားအခြေအနေတွေကိုလည်း ပြောပြနေတတ်တာ ဖြစ်ပါတယ်။ အထူးသဖြင့် အသက်ရှည်ခြင်း၊ တိုခြင်း၊ ကျန်းမာခြင်း၊ ရောဂါဘယနှိပ်စက်ခြင်း၊ စီးပွားရေးတိုးတက်ခြင်း၊ အချုပ်အနှောင်နှင့်ဆိုင်သောကိစ္စ၊ မွေးရပ်မြေနဲ့ နိုင်ငံခြားခရီးများ၊ ဥပစ္ဆေဒကကံ စတာတွေကိုလည်း အသက်လမ်းကြောင်းရဲ့အနေအထားနဲ့ အခြေအနေကို မူတည်ပြီး ဟောချက်တွေ ဟောပြောရခြင်း ဖြစ်ပါတယ်။

သင့်လက္ခဏာဟာ သင့်ဘဝအကြောင်းကို ဖော်ပြနေပြီး အခြားမည်သူတစ်ဦးတစ်ယောက်နဲ့မှ မတူညီနေပါဘူး။ သင့်လက္ခဏာကသာ သင့်အကြောင်းကို တိတိကျကျပြောပြနိုင်တာဖြစ်သလို သင်က ဘယ်အချိန်အထိ လူဘဝ လူ့လောကမှာ နေထိုင်ခွင့်ရရှိမယ်ဆိုတာကိုပြောပြနိုင်ကြောင်း လူပေါင်းများစွာရဲ့လက်တွေကို နှစ်ပေါင်းများစွာ သုတေသနပြုခဲ့တဲ့ ဆရာကြီး ကိုင်ရိုက ပြောနိုင်ခဲ့ပါတယ်။ သူ့တွေ့ရှိချက်တွေကို နည်းလမ်းမှန်ကန်စွာနဲ့ လက်ဆင့်ကမ်းခဲ့ပြီး ယနေ့ ကျွန်တော်တို့ လက်ထက်မှာလည်း ဆက်လက်သုတေသနပြုရင်း တွေ့ရှိချက်အသစ်တွေကို လေ့လာမှတ်တမ်းတင်နေဆဲ ဖြစ်ပါတယ်။

ဆရာကင်္ကသူ

Doctoral Thesis Of Astro-Palmist.

Membership Of (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top