အပတ်စဉ်ဗေဒင်ဟောစာတမ်းကဏ္ဍ (၂၃-၆-၂၀၁၉ မှ ၂၉-၆-၂၀၁၉ ရက်နေ့အထိ)

Bay-Din-23to29-june.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၂၃-၆-၂၀၁၉ မှ ၂၉-၆-၂၀၁၉ ရက်နေ့အထိ) တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့ကတော့ စီးပွားရေးလုပ်ငန်းများ အနည်းငယ်ပြန်အဆင် ပြေလာမည့်အချိန်ုဖြစ်သည်။ ပုံမှန်လုပ်ငန်းကို ပုံမှန်သာလုပ်ခြင်းဖြင့် အဆင်ပြေမည်။ ပြည်ပမှပစ္စည်းတင်သွင်းသူ များကတော့ အခက်အခဲရှိနေလိမ့်မည်။ သတ္တုလုပ်ငန်း၊ ရတနာလုပ်ငန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူများ ငွေကြေးပြဿနာ တက်တတ်သည်။ စားသောက်ကုန်လုပ်ငန်းလုပ်သူများ အဆင်ပြေနေမည်ဖြစ်သည်။ ကျန်းမာရေးအနေဖြင့် ဦးခေါင်းနှင့်ဆိုင်သောရောဂါရှင်များ သတိထားပါ။ အချစ်ရေးကတော့ကံကောင်းပါသည်။ အိမ်ထောင်ရှင်များကတော့ ဒီရက်ပိုင်းရန်မြင်ပါသည်။ ပညာရေးသမားများ ရာထူးစာမေးပွဲဖြေရဖို့ ပြင်ဆင်ပါ။ ကောင်းပါသည်။ မြေကွက်ဝင်ခြင်း ထွက်ခြင်း ဖြစ်တတ်ပါသည်။ ဝန်ထမ်းများ အခြေအနေကောင်းပါသည်။

အကျိုးပေးဂဏန်းမှာ – ၁၊ ၆၊ ၃။ ယတြာ – အိမ်ဘုရားတွင် အုန်းရည်ကပ်လှူပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ကတော့ စီးပွားရေးလုပ်ငန်းများ အထူးသတိထား လုပ်ကိုင်ရမည်အချိန်သာဖြစ်သည်။ အစုအစပ်လုပ်ငန်းကို ဦးဆောင်သူများအတွက် မိမိ၏ ဆုံးဖြတ်ချက်တစ်ခု အမှားဖြစ်ပါက လုပ်ငန်း အားလုံးပြိုကျသွားမည့်အခြေအနေမှာ ယခင်အပတ်မှစတင်နေပြီး ယခုအချိန်အထိ ထိုကံတရားက မပျက်သေးပါ။ ထို့ကြောင့် ပိုသတိရှိရန်လိုပါသည်။ ဆုံးဖြတ်ချက်များကို အထူးသတိထားလုပ်ကိုင်ရမည်။ ပြည်ပမှတင်သွင်းသောပစ္စည်းရောင်းဝယ်သူများ အထူးသတိထားရမည့် အချိန်ဖြစ်သည်။ ကျန်းမာရေးအနေနှင့် ဆီး၊ ကျောက်ကပ် ရောဂါခံစားနေရသူများ သတိထားကုသရလိမ့်မည်။ ရေချိုးခန်းတွင် မတော်တဆ ထိခိုက်ခြင်း ဖြစ်တတ်သည်။ အချစ်ရေးအနေတွင် မိမိထက်သာသော ချစ်သူကို ရရှိလိမ့်မည်။ အိမ်ထောင်ရေး အခြေအနေကောင်းပါသည်။ ပညာရေးကောင်းပါသည်။ ဝန်ထမ်းများ အထက်လူကြီးနှင့် သင့်အောင်နေပါ။

အကျိုးပေးဂဏန်း – ၂ ၊ ၇ ၊ ၃။ ယတြာ – ကလေးများကို ကိတ်မုန့်ကျွေးပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့ စီးပွားရေးလုပ်ငန်းအနည်းငယ် ကျဆင်းနေတတ်သည်။ ငွေကြေးသမားများကတော့ ကံကောင်းသောအချိန်ဖြစ်သည်။ အနုပညာနှင့်ဆက်သောလုပ်ငန်းများ ပြန်လည်အသက်ဝင်လာမည်။ သူတစ်ပါးစီးပွားရေး အခက်အခဲဖြစ်ချိန်တွင် မိမိစီးပွားရေးကောင်းနေတတ်သည်။ ယခု အချိန်တွင် မိမိလုပ်ငန်းအတွက် ရှယ်ယာများ ခေါ်ရမည့်အချိန်ဖြစ်သည်။ ဆောက်လုပ်ရေးပစ္စည်း၊ စက်ပစ္စည်းများ ကံကောင်းနေသည်။ ကျန်းမာရေးအနေနှင့် ဦးခေါင်းသတိထားရလိမ့်မည်။ အချစ်ရေးတွင် အနည်းငယ်ညံ့နေပြီး အဖြေရရန် ခက်လိမ့်မည်။ အိမ်ထောင်ရေးသမားများ ခွဲနေရတတ်သည်။ ပညာရေးသမားများစိတ်ချမ်းသာရမည်။ ဝန်ထမ်းများ သတိပြုရန်မှာ အောက်လက်ကြောင့် အထက်ကို ဖြေရှင်းရပြီး အလွန်စိတ်ညစ်ရမည်။

အကျိုးပေးဂဏန်း – ၉ ၊ ၁ ၊ ၄။ ယတြာ – ရဟန်းတစ်ပါးကို ငွေလှူပေးပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့၏ စီးပွားရေးမှာ အနည်းငယ်ညံ့နေလိမ့်မည်။ အထူးသဖြင့် လောင်စာဆီနှင့် သံလုပ်ငန်းလုပ်သူများ အလွန်စိတ်ညစ်ရတတ်သည်၊ ကျန်းမာရေးအနေဖြင့် အကြောရောဂါ နှင့် ကျောက်ကပ်ရောဂါများ အထူးသတိထားရမည်။ အချစ်ရေးတွင် မထင်မှတ်သူနှင့် တွေ့တတ်သည်။ အိမ်ထောင်သည်များလည်း အသစ်တွေ့တတ်သဖြင့်သတိပြုသင့်သည်။ ပညာရေးတွင် ကံကောင်းပါလိမ့်မည်။ ကား၊ဆိုင်ကယ် စသည့်စက်ပစ္စည်း ဝင်မည်။ ဝန်ထမ်းများ ကံကောင်းပါသည်။

ရာဟု – ရာဟု ကျန်းမာရေးညံ့နေမည်။ အချစ်ရေးတွင် ကံကောင်းပါသည်။ စီးပွားရေးတွင် ခရီးသွားလုပ်ငန်းသမားများ၊ ဟိုတယ်လုပ်ငန်းများကောင်းပါသည်။ ဝန်ထမ်းဖြစ်ပါက ရာထူးတက်နိုင်သည်။

အကျိုးပေးဂဏန်း – ၄ ၊ ၉ ၊ ၅။ ယတြာ – ဗုဒ္ဓဟူးနေ့တွင် မရှိနွမ်းပါးသောသူများကို တတ်နိုင်ရာပေးလှူပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့အတွက် စီးပွားရေးအခြေအနေမှ အနည်းငယ်လောက်သာ ပြန်ကောင်းလာမည်။ ရှယ်ယာကြောင့် လုပ်ငန်းများရပ်ဆိုင်းရမည့် အခြေအနေနှင့် ရင်ဆိုင်နေရမည်။ ငွေကြေးလုပ်ငန်းများမှ ငွေပြန်မရဖြစ်တတ်သည်။ ကျန်းမာရေးအနေနှင့်ကတော့ အစာအိမ်နှင့် သားအိမ် ရောဂါသည်များ သတိထားကုသပါ။ အချစ်ရေးနှင့်ပါတ်သက်ပြီး လက်ထပ်ရန်ရက်ရွေးဖြစ်မည်။ အိမ်ထောင်သည်များ အညံ့ဘက်ပါလာပြီဖြစ်သည်။ ပညာရေးလိုက်နေသော ကျောင်းသားများ မူးယစ်ဆေးကြောင့် ဘဝပျက်တတ်သဖြင့် အထူးသတိထားပါ။။ အိမ် ခြံ မြေ ဝန်ထမ်းများအထူး ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၅ ၊ ၉ ၊ ၆။ ယတြာ – ငှက်ကလေးများကို အစာကျွေးပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် စီးပွားရေး လုပ်ငန်းလုပ်ရာတွင် ကံကောင်းနေမည်။ ဆောက်လုပ်ရေး ဆေးပစ္စည်းရောင်းချသူများ၊ ကံကောင်းနေပြီး အမြတ်အစွန်းများနေမည်။ ငွေကြေးကို အခြေခံသူများကတော့ အားနည်းနေမည်သာဖြစ်သည်။ကျန်းမာရေးအနေနှင့် နှလုံးရောဂါရှိသူများ ဆေးမှန်ရန်လိုအပ်သည်။ အချစ်ရေးသမားများ ကံကောင်းလာသော်လည်း ချစ်သူနှင့် တစ်နယ်စီခြားနေတတ်သည်။ အိမ်ထောင်ရေးသမားများ အတော်လေး ပြဿနာတက်နေမည်။ သစ္စာတရားကိုလက်ကိုင်ထားပါ။ ပညာရေးသမားများ မပျင်းပါနှင့်။ကား ဝင်မည်၊ ထွက်မည်။ ဝန်ထမ်းများ ကံကောင်းပါသည်၊ လက်နက်ကိုင်ဝန်ထမ်းများ သတိထားပါ။ မိမိတာဝန်ပေါ့လျှော့ခြင်းကြောင့် မိမိအထက်လူကြီး ရာထူးမှ အနားခံရတတ်သည်။

အကျိုးပေးဂဏန်း – ၆ ၊ ၄ ၊ ၇။ ယတြာ – သောကြာနေ့တွင် ရဟန်းတစ်ပါးကို ဆွမ်း၊ ဆေး လှူပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့ စီးပွားရေးလုပ်ငန်းများ အဆင်ပြေမည်။ ရေနံနှင့်ဆိုင်သောလုပ်ငန်း၊ စက်ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းနှင့် သံမဏိလုပ်ငန်းများ အထူးသတိထားပါ။ ကျန်းမာရေးအနေဖြင့် ခေါင်းကိုက်၊ ခေါင်းခဲ ဖြစ်တတ်သည်။ လုပ်ငန်းကြီးလုပ်ကိုင်သူများ ငွေကြေးကိစ္စ၊ဘဏ်ကိစ္စရပ်များမှ ငွေကြေးအမြတ်ရလိမ့်မည်။ အချစ်ရေးတွင် ကြားလူကြောင့် အချစ်ပေါ့သွားတတ်သည်။စေ့စပ်ကြောင်းလမ်းရာတွင် အထူးသတိထား ပြောဆိုရမည့်အချိန်ဖြစ်သည်။ အပြောမတတ်သဖြင့် ပွဲပျက်တတ်သည်။ အိမ်ထောင်သည်များလည်း နှစ်ဘက်မိဘတို့ကို အခြေခံသော အိမ်တွင်ရေးကိစ္စများ ဖြစ်နေတတ်သဖြင့် ဆင်ခြင်ပါ။ တိုက်ခန်း၊ မြေကွက် ဝင်ကိန်းရှိနေပါသည်။ ပညာရေးသမားများ စာကြိုးစားပါ။ ထီထိုးပါ။ ဝန်ထမ်းများ ကောင်းသောပြောင်းရွေ့ရခြင်းဖြစ် နေရာပြောင်းရတတ်သည်။

အကျိုးပေးဂဏန်း – ၇ ၊ ၅ ၊၁။ ယတြာ – စတုဒီသာ အလှူလုပ်ပါ။

ဆရာကင်္ကသူ
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top