ရုရှားစစ်သည်တွေကို တာဝန်ချိန်မှာ စမတ်ဖုန်းသုံးခွင့် ပိတ်ပင်ဖို့ လုပ်ဆောင်နေ

in2.jpg

စစ်သည်တွေ လူမှုကွန်ရက် အသုံးပြုမှုကြောင့် အမျိုးသားလုံခြုံရေးကိစ္စရပ်တွေအပေါ် စိုးရိမ်ပူပန်မှု မြင့်တက်လာခဲ့ပြီးနောက်မှာတော့ တာဝန်ထမ်းဆောင်နေချိန်အတွင်း စစ်သည်တွေကို စမတ်ဖုန်း အသုံးပြုမှု ပိတ်ပင်ဖို့ ရုရှားလွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီဥပဒေကြမ်းအရ စစ်သည်တွေဟာ ဓာတ်ပုံရိုက်တာ၊ ဗီဒီယိုမှတ်တမ်းတင်တာ၊ အင်တာနက် အသုံးပြုတာတွေ လုပ်နိုင်တဲ့ဖုန်းတွေကို တာဝန်ချိန်အတွင်း အသုံးမပြုဖို့ တားမြစ်ထားပါတယ်။ ဒါ့အပြင် စစ်သည်တွေဟာ စစ်တပ်နှင့်ပတ်သက်ပြီး ရေးသားဖော်ပြတာ၊ ဂျာနယ်လစ်တွေနဲ့ စကားပြောတာမျိုး လုပ်ခွင့်ရမည်မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ အဂါင်္နေ့က ရုရှားနိုင်ငံ အောက်လွှတ်တော် ဒူမာ(Duma)မှာ အဲဒီဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်ခဲ့ပြီး လွှတ်တော်အမတ် ၄၅၀ အနက် အမတ် ၄၀၀ ကျော်က ထောက်ခံခဲ့ကြသည်။

ဖုန်းပြောတာ၊ မက်ဆေ့ပို့တာတွေပဲ လုပ်နိုင်တဲ့ ဖုန်းတွေကို အသုံးပြုခွင့်ပေးမှာဖြစ်ပေမဲ့ တက်ဘလက်(Tablet)နှင့် လက်ပ်တော့(Laptop) အသုံးပြုခွင့်ကိုတော့ ပိတ်ပင်ထားပါတယ်။

အဲဒီဥပဒေကြမ်းကို ရုရှားနိုင်ငံ အထက်လွှတ်တော်က ချင့်ချိန်ဆုံးဖြတ်ရပြီး အတည်ပြုခဲ့ရင် ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ဖို့အတွက် သမ္မတပူတင်က လက်မှတ်ရေးထိုးပေးဖို့ လိုအပ်ပါတယ်။

စစ်တပ်ဆိုင်ရာ သတင်းအချက်အလက်တွေကို ပြည်ပ ထောက်လှမ်းရေးအဖွဲ့တွေ ရန်ကနေ ကာကွယ်ဖို့အတွက် အခုလို တားမြစ်ပိတ်ပင်မှုလုပ်ဖို့လိုအပ်တယ်လို့ ရုရှားနိုင်ငံအရာရှိတွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ရုရှားစစ်တပ်အမှုထမ်းတွေရဲ့လူမှုကွန်ရက်ပေါ်က ရေးသားဖော်ပြချက်တွေကြောင့် ယူကရိန်းနိုင်ငံ အရှေ့ပိုင်းနဲ့ ဆီးရီးယားနိုင်ငံမှာ ရုရှားစစ်သည်တွေ ရှိနေတာ သတင်းပေါက်ကြားခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top