ကြည့်ရှုသူ ၁၁၁ သန်းနဲ့ Netflix ရဲ့အအောင်မြင်ဆုံးမူရင်းစီးရီးဖြစ်နေတဲ့ “ Squid Game”

14-10-2021yyl01.png

ကမ္ဘာ့တစ်ဝှမ်းက လူတွေရဲ့ပါးစပ်ဖျားမှာ ပြောစမှတ်ပြုနေတဲ့ Netflix ရဲ့ “Squid Game” ကိုရီးယားစီးရီးရဲ့အောင်မြင်မှုကတော့ အခုထိ အရှိန်မသတ်နိုင်သေးတဲ့ပုံပါပဲ။ အောက်တိုဘာ ၁၃ ရက်နေ့က “Squid Game” ကို Netflix Subscriber (၁၁၁) သန်းကြည့်ရှုခဲ့တယ်လို့ Netflix က ထုတ်ပြောပြခဲ့ပါတယ်။ အပိုင်း (၉) ပိုင်းရှိတဲ့ Squid Game စီးရီးက Netflix ရဲ့မူရင်းစီးရီးဖြစ်ပြီး စက်တင်ဘာ ၁၇ ရက်နေ့ ပြသခဲ့တဲ့အချိန်ကစပြီး ဘရားဇီး၊ ပြင်သစ်၊ အိန္ဒိယ၊ တူရကီအပါအဝင် ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေဆီကနေ တခဲနက်အားပေးနှစ်ခြိုက်မှုကို ရရှိနေတာဖြစ်ပါတယ်။ နိုင်ငံပေါင်း ၉၄ နိုင်ငံက Today’s Top 10 ဇယားမှာ နံပါတ် ၁ ၊ အမေရိကန်နိုင်ငံမှာလည်း ၂၁ ရက်ဆက်တိုက် Today’s Top 10 ဇယားမှာ နံပါတ် ၁ဖြစ်ခဲ့ပါတယ်။

Netflix ရဲ့ဒုက္ကဌ ကင်မင်ယောင်း (Kim Min Young) က “Netflix က ကိုရီးယားမှာ ၂၀၁၅ခုနှစ်က စတင်ရင်းနှီးမြှုပ်နှံခဲ့တဲ့အချိန် ကျွန်မတို့ရဲ့ရည်မှန်းချက်က အာရှမှာသာမက ကမ္ဘာတစ်ဝှမ်းမှာပါ ကိုရီးယားရှိုးတွေကို ချစ်မြတ်နိုးကြတဲ့ ပရိသတ်တွေအတွက် ကမ္ဘာ့အဆင့်မှီ ကိုရီးယားဇာတ်ကားတွေကို တင်ဆက်ပေးနိုင်ဖို့ပါပဲ။ “Squid Game” က ကျွန်မတို့ရဲ့အိပ်မက်ကို အမှန်တကယ်ဖြစ်လာစေခဲ့တယ်” လို့ ပြောကြားခဲ့ပါတယ်။

“ဒါရိုက်တာဟွမ်ဒုန်ဟော့ (Hwang Dong Hyuk) အချိန်အကြာကြီး စိတ်ကူးယဉ်ခဲ့ရတဲ့ ဇာတ်လမ်းကို ဘယ်နေရာမှမှ လက်မခံခဲ့တဲ့အချိန်မှာ “Squid Game” က သေချာပေါက် ကိုရီးယားသာမက ကမ္ဘာ့တစ်ဝှမ်းက ပရိသတ်တွေရဲ့နှလုံးသားကို လှုပ်ခါသွားနိုင်မယ်လို့ Nerflix က ယုံကြည်ခဲ့တာပါ”လို့လည်း ကင်မင်ယောင်းက ထပ်လောက်ပြောဆိုခဲ့ပါတယ်။

“Squid Game” က ဆုကြေးငွေ ဝမ် ၄၅.၆ ဘီလျံ (ဒေါ်လာ သန်း ၄၀) ရဖို့အတွက် ဂိမ်းတွေကစားပြီး အသက်ရှင်လွှတ်မြောက်ဖို့ကြိုးစားရတဲ့အကြောင်း ရိုက်ကူးထားတဲ့ စီးရီးဖြစ်ပါတယ်။ ငွေကို လိုချင်ကြတဲ့သူတွေက ဒီဂိမ်းထဲ ဝင်ရောက်ပါဝင်ခဲ့ကြပြီး ဆုကြေးငွေထက် လူတွေရဲ့အသက်တွေ ဆုံးရှုံးလိုက်ရတာများတယ်ဆိုတာ သိရှိလိုက်ရတာပါပဲ။

Ref: Soompi “Squid Game” Surpasses 111 Million Viewing Households”


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top