Victoria’s Secret ဖက်ရှင်ရှိုးပွဲမှာ ကန်ဒေါ်လာသန်း ၅၀ တန် ဘရာစီယာကို ဝတ်ဆင်ကာ ရှိုးလျှောက်ခဲ့တဲ့ ကိုင်လီ ဂျန်နာ

Image_20261020_161546_811.jpeg

အသက် ၂၉ နှစ်အရွယ် ကိုင်လီ ဂျန်နာဟာ Victoria’s Secret ဖက်ရှင်ရှိုးမှာ ကန်ဒေါ်လာ သန်း ၅၀ တန်ဘရာစီယာကို ဝတ်ဆင်ကာ ရှိုးလျှောက်ခဲ့ပါတယ်။ အောက်တိုဘာ ၁၈ ရက်နေ့ ညပိုင်းက Sony Pictures Studio မှာ ကျင်းပတဲ့ glitzy အတွင်းခံအမှတ်တံဆိပ်ရဲ့ခမ်းနားထည်ဝါတဲ့ပွဲမှာဖြစ်ပါတယ်။

ကိုင်လီက နှစ်စဉ်ကျင်းပတဲ့ ဒီဖက်ရှင်ရှိုးအတွက် အထူးဖန်တီးထားတဲ့ Fantasy ဘရာစီယာကို ဝတ်ဆင်ခွင့်ရခဲ့တာပါ။ ဒီဘရာစီယာကို နာမည်ကြီးရတနာဒီဇိုင်နာ Jacob Arabo က ရွှေနဲ့ သဘာဝစိန်ပွင့်ပေါင်း ၄၄၁၀ ပွင့်၊ ၇၅.၅၄ ကာရက်ရှိ ကြီးမားတဲ့အဝါရောင်စိန်တစ်ပွင့်တို့နဲ့ သီးသန့်ဖန်တီးခဲ့တာပါ။

လူ ၁၅ ဦးက ဒီဘရာစီယာကို ဖန်တီးဖို့အတွက် နာရီပေါင်း ၁၀၀၀ ကျော်အချိန်ယူခဲ့ပြီး အခုအချိန်အထိ Victoria’s Secret ရဲ့ဈေးအကြီးဆုံးဘရာစီယာဖြစ်လာစေခဲ့ပါတယ်။ Fantasy ဘရာစီယာက Victoria’s Secret ဖက်ရှင်ရှိုးပွဲတွေမှာ မရှိမဖြစ်အစိတ်အပိုင်းတစ်ခုပါ။ ၁၉၉၆ ခုနှစ်က ထိပ်တန်းမော်ဒဘ် Claudia Schiffer က ကန်ဒေါ်လာ ၁ သန်းတန်ဘရာစီယာကို ဝတ်ဆင်ပြသခဲ့ချိန်ကစပြီး ဖြစ်လာခဲ့တာပါ။

Ref: Kylie Jenner walks runway in $64m bra at Victoria’s Secret fashion show

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top