အိမ်ရာမဲ့ အမျိုးသမီးတွေ နေထိုင်ဖို့ အိမ်ခန်း ၉၇ ခန်း ဆောက်လုပ်လှူဒါန်းမယ့် မိုင်လီဆိုင်းရပ်စ်

miley-cyrus-building-philanthropic-mission-1117169508.jpg

အိမ်ရာမဲ့ အမျိုးသမီးတွေနဲ့ အခက်အခဲ ကြုံနေရသူတွေ အမြဲတမ်းနေထိုင်နိုင်မယ့် အိမ်ခန်း ၉၇ ခန်း ဆောက်လုပ်လှူဒါန်းဖို့အတွက် ပေါ့ပ်အဆိုတော် မိုင်လီဆိုင်းရပ်စ်က အမေရိကန်ဒေါ်လာ ၁ သန်း မတည်လှူဒါန်းခဲ့ပါတယ်။

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့Skid Row ရပ်ကွက်မှာ အကောင်အထည်ဖော်နေတဲ့ Rosa’s Place အိမ်ရာစီမံကိန်းကြီးအတွက် မိုင်လီဆိုင်းရပ်စ်နဲ့ မိခင်ဖြစ်သူ တစ်ရှ်ဆိုင်းရပ်စ်တို့က ပါဝင်ပံ့ပိုးနေတာ ဖြစ်ပါတယ်။

ဒီစီမံကိန်းကနေ အိမ်ရာမဲ့ အမျိုးသမီးတွေအတွက် စတူဒီယိုတိုက်ခန်း ၉၇ ခန်း ဆောက်လုပ်ပေးသွားမှာဖြစ်ပြီး တိုက်ခန်းတစ်ခန်းစီမှာ ကိုယ်ပိုင်မီးဖိုချောင်နဲ့ ရေချိုးခန်းတွေ ပါဝင်မှာပါ။ ဒါ့အပြင် နေထိုင်သူ အမျိုးသမီးတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှု၊ လူမှုရေးကူညီစောင့်ရှောက်မှုအပြင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ပြန်ရပ်တည်နိုင်ဖို့ လိုအပ်တဲ့ ဝန်ဆောင်မှုတွေလည်း ရရှိမယ်လို့ ဆိုပါတယ်။

မိုင်လေဆိုင်းရပ်စ်နဲ့ သူ့မိခင်ဟာ အခန်းပုံစံဒီဇိုင်းဆွဲတာနဲ့ ပြုပြင်မွမ်းမံတဲ့ အလုပ်တွေမှာလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကူညီပေးခဲ့ကြပါသေးတယ်။ဒီစီမံကိန်းကို Downtown Women’s Center နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။

Ref: Miley Cyrus has donated $1 MILLION to help build 97 permanent homes for homeless women

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top