ထိုင်းနိုင်ငံရဲ့အထင်ကရနေရာတွေမှာ သွားရောက်ရိုက်ကူးမယ့် Fast and Furious 9 ဇာတ်ကား

140619_ff9_nation.png

တစ်ချိန်တခါက မင်းသားပေါလ်ဝေါ်ကာ (Paul Walker) ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အက်ရှင်ဇာတ်ကားကောင်းလေး Fast and Furious ကို စာဖတ်ပရိသတ်တွေ မှတ်မိကြတယ်မလား။ နောက်ပိုင်းကားတွေမှာ ပေါလ်ဝေါ်ကာ မပါဝင်တော့ပေမယ့် အဲဒီဇာတ်ကားက တစ်ကားပြီး တစ်ကားထွက်ရှိနေပါတယ်။ အခုဆိုရင် (၉) ကားမြောက် Fast and Furious ကို ရိုက်ကူးတော့မှာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့နာမည်ကြီးရှုခင်းတွေက အဲဒီဇာတ်ကားမှာ ပါဝင်လာမှာဖြစ်ပါတယ်။

Fast and Furious 9 ကို ၂၀၁၉ခုနှစ် ဇူလိုင်လ (၁) ရက်နေ့ကနေ (၂၇) ရက်နေ့အထိ ထိုင်းနိုင်ငံရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ ဖူးခက်၊ ဖန်င၊ ကရာဘီ နဲ့ ဆူရက် သာနီ တို့မှာ ရိုက်ကူးတော့မယ်လို့ သိရပါတယ်။

ရုပ်ရှင်ကားရဲ့ ထုတ်လုပ်ရေးမန်နေဂျာ ပီရာ ပတ်တွန်ဂျီ (Piya Pestonji) က ရိုက်ကူးရေးလုပ်ဖို့နဲ့ ကရာဘီမှာ ယာယီရုံးဆောက်ဖို့အတွက် ကရာဘီပြည်နယ်ရဲ့အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူ Pol Lt-Colonel ML Kitibodni Prawit၊ Tourism Authority of Thailand က ပြောရေးဆိုခွင့်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးပါပြီ။ ရိုက်ကွင်းနေရာအတိအကျကိုတော့ ထုတ်ပြောပြထားခြင်း မရှိသေးဘူးဖြစ်ပါတယ်။

Kitibodni Prawit က ရုပ်ရှင်ကားက ထိုင်းနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု ဘတ် သန်း (၃၄၀) ပါဝင်မှာဖြစ်သလို ရလဒ်အနေနဲ့ ထိုင်းလူမျိုးတွေအတွက်လည်း အဆက်အသွယ်တွေ ဖန်တီးနိုင်ဖို့ အခွင့်အရေးရှိလာမှာဖြစ်ပြီး ရုပ်ရှင်ရိုက်ကူးမှုတွေ တိုးတက်လာမှာဖြစ်တာကြောင့် ရိုက်ကူးရေးကို လှိုက်လှိုက်လှဲလှဲကြိုဆို လက်ခံခဲ့ပါတယ်။

Fast and Furious 9 က ထိုင်းယဉ်ကျေးမှု၊ သမိုင်းကြောင်းနဲ့ သဘာဝအလှအပတွေကို တစ်ကမ္ဘာလုံးကို ပြသမှာဖြစ်တဲ့အတွက် ထိုင်းခရီးသွားလုပ်ငန်းကိုလည်း မြှင့်တင်ပေးရာရောက်တယ်လို့ Kitibodni Prawit ဆိုပါတယ်။

Ref: Asiaone “Fast and Furious to be filmed in Thailand”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top