အမုန်းစကားပျံ့နှံ့မှုတွေကို လျော့ပါးစေဖို့ရည်ရွယ်တဲ့ Facebook ရဲ့ Comment Ranking System

newsfeedrankinginthreeminutesflat_hires_alt_v2c-1.jpg

ဖေ့စ်ဘွတ်ခ်ပို့စ်တစ်ခုခုရဲ့ Comment Box မှာ ရိုင်းစိုင်းတဲ့မှတ်ချက်တွေ၊ လှောင်ပြောင် ပျက်ရယ်ပြုတဲ့မှတ်ချက်တွေ ရေးသားထားတာကို ဖေ့စ်ဘွတ်ခ်သုံးနေတဲ့သူတိုင်း မြင်ရဖူးမှာပါ။ ဒီလိုမှတ်ချက်တွေဟာ မူရင်းပို့စ်ရဲ့ရည်ရွယ်ရင်းကို ပျောက်သွားစေသလို ဖတ်သူကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့အပြင် မလိုလားအပ်တဲ့ အမုန်းတရားတွေကိုပါ ပွားများလာစေတတ်ပါတယ်။

ဖတ်သူကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့အပြင် မလိုလားအပ်တဲ့ အမုန်းတရားတွေကိုပါ ပွားများလာစေ

အခုတော့ ဖေ့စ်ဘွတ်ခ်က ဒီလိုပြဿနာတွေကို ဖြေရှင်းနိုင်မယ့်နည်းစနစ်တစ်ခု ဖန်တီးလိုက်ပါပြီ။ အဲဒါကတော့ Comment Ranking System လို့ခေါ်တဲ့ မှတ်ချက်တွေကို အဆင့်ခွဲခြားသတ်မှတ်တဲ့ စနစ်ပဲ ဖြစ်ပါတယ်။ ဒီစနစ်ကို Page တွေနဲ့ Follower များတဲ့ Social Network Influencer တွေရဲ့ public post တွေက comment တွေမှာ စတင်အသုံးပြုသွားမှာပါ။

Comment တွေကို အဆင့်ခွဲခြားသတ်မှတ်ရာမှာ တိုင်းတာမှုပုံစံ (၄) မျိုးကို အသုံးပြုသွားဖို့ ဖေ့စ်ဘွတ်ခ်က သတ်မှတ်ထား

Comment တွေကို အဆင့်ခွဲခြားသတ်မှတ်ရာမှာ တိုင်းတာမှုပုံစံ (၄) မျိုးကို အသုံးပြုသွားဖို့ ဖေ့စ်ဘွတ်ခ်က သတ်မှတ်ထားပါတယ်။ အဲဒါတွေကတော့ –

၁။ Integrity Signals

Community Standards နဲ့ မကိုက်ညီတဲ့ မှတ်ချက်တွေ၊ click-bait မှတ်ချက်တွေ၊ ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိနဲ့ အမုန်းတရားဖြန့်ဝေတဲ့ မှတ်ချက်တွေကို အဆင့်နှိမ့်သွားမှာဖြစ်ပြီး Page ကနေ အလိုအလျောက် hide လုပ်၊ အမြင်နည်းအောင်လုပ်သွားမှာပါ။

၂။ User Surveys

မှတ်ချက်တွေနဲ့ ပတ်သက်ပြီး လူအများရဲ့အမြင်ကို စစ်တမ်းကောက်ယူ မှတ်တမ်းတင်ထားပြီး ဒီရလဒ်တွေကို Comment Ranking system မှာ အသုံးပြုသွားမှာပါ။

၃။ Comment Interactions

မှတ်ချက်တွေထဲမှာမှ Like များတဲ့မှတ်ချက်၊ reaction အပေးများတဲ့မှတ်ချက်နဲ့ reply လုပ်တာများတဲ့ မှတ်ချက်တွေကို အဆင့်သတ်မှတ်ချက် မြှင့်တင်ပေးမှာဖြစ်ပါတယ်။

၄။ Poster Controls

ဒါကတော့ ပို့စ်တင်သူနဲ့ ဆိုင်ပြီး သူက အပျက်သဘောဆောင်နေတဲ့မှတ်ချက်မှန်သမျှကို hide လုပ်တာ၊ ဖျက်ပစ်တာတွေ လုပ်ရမှာပါ။ နာမည်ကြီး page တစ်ခုမှာ ကိုယ်ရေးလိုက်တဲ့မှတ်ချက်တွေက hide လုပ်ခံနေရတယ် ဒါမှမဟုတ် အဖျက်ခံနေရတယ်ဆိုရင်တော့ Comment ranking system မှာ အဆင့်သတ်မှတ်ချက် နိမ့်ကျလာမှာဖြစ်ပါတယ်။

အမုန်းပွားစေတဲ့မှတ်ချက်တွေရဲ့ပြဿနာဟာ ဖြေရှင်းနိုင်တဲ့အခြေအနေထက်ကို ကြီးမားနေ

တကယ်တော့ အမုန်းပွားစေတဲ့မှတ်ချက်တွေရဲ့ပြဿနာဟာ ဖြေရှင်းနိုင်တဲ့အခြေအနေထက်ကို ကြီးမားနေတာဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်အနေနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ရာ AI စနစ်ပေါ်မှာပဲ အဓိကထား မှီခိုနေရပါသေးတယ်။ ဘယ်လောက်ပဲအဆင့်မြင့်တဲ့ AI ဖြစ်ဖြစ် Social context အရ AI စနစ်ကနေ အဆင့်သတ်မှတ်ခွဲခြားဖို့ခက်ခဲနေတဲ့ content အမျိုးအစားတွေက ရှိနေနိုင်ပါသေးတယ်။

ဒါ့ကြောင့် ဖေ့စ်ဘွတ်ခ်က အခုဖန်တီးလိုက်တဲ့ Comment Ranking system ဟာ အမုန်းတရားပျံ့နှံ့စေမှုအတွက် ယာယီဖြေရှင်းနည်းတစ်ခုလောက်ပဲ ဖြစ်လာနိုင်ပြီး အမုန်းတရားတွေကို လုံးဝလျှော့ချနိုင်ဖို့အတွက်ဆိုရင်တော့ အခုထက် ပိုထိရောက်နိုင်တဲ့တခြားနည်းလမ်းတွေကို ရှာဖို့လိုအပ်ဦးမှာဖြစ်ပါတယ်။

Ref: DigitalTrends “Facebook’s comment-ranking system aimed at taming the dumpster fire”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top