သြစတြေးလျမှာ ငမန်းတိုက်ခိုက်မှုကြောင့် ခရီးသွားဧည့်သည်များ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့

yyl-30-014.jpg

အဂ်လန်နိုင်ငံသား ခရီးသွားဧည့်သည်များသည် သြစတြေးလျပိုင် ပင်လယ်ကမ်းနားတွင် အုပ်စုလိုက် အပျော်တမ်းရေငုပ် နေစဥ် ငမန်းများ တိုက်ခိုက်ခြင်းခံခဲ့ရသည် ဟုဆိုသည်။ ထိုဖြစ်စဥ်သည် အောက်တိုဘာလ ၂၉ရက်နေ့တွင် သြစတြေးလျရှိ ကျော်ကြားသော Great Barrier Reef   နားရှိ    Whitsunday    ကျွန်းတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ သူတို့သည် Whitsundays ကျွန်းတွင် boat tour ဖြင့် အပန်းဖြေခရီးထွက်လာကာ Hook Passage တွင် ရေကူးနေချိန်တွင် အတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။ အတိုက်ခိုက်ခံခဲ့ရပြီး အချိန်ပိုင်းအတွင်းမှာပင် RACQ Queensland ရှိ ကယ်ဆယ်ရေးအဖွဲ့များမှ ရဟတ်ယာဥ်များဖြင့် လာရောက်ကယ်တင်ကာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ သည်ဟုဆိုသည်။

Mackay Base ဆေးရုံ၏   ထုတ်ပြန်ချက်အရ   ငမန်းတိုက်ခိုက်ခံရမှုကြောင့်    အသက် ၂၈    နှစ်အရွယ်အမျိုးသားတစ်ဦး၏ ညာဘက်ခြေထောက် ကိုက်ဖြတ်ခံခဲ့ရပြီး၊ အသက် ၂၂ နှစ်အရွယ်အမျိုးသားတစ်ဦးလည်း ဘယ်ဘက်ခြေထောက်တွင် ပြင်းထန်စွာ စုတ်ပြဲ ဒဏ်ရာများ ရရှိခဲ့သည်။ ထိုအမျိုးသား နှစ်ဦးသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီး ယခုအခါတွင် အရေးပေါ်ကုသဆောင်တွင် အထူကြပ်မတ် ကုသမှုများ ခံယူကာ စိတ်ချ ရသည့် အနေအထားရှိ လာပြီဟု ဆေးရုံမှ ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ အလားတူဖြစ်စဥ်များသည် Whitsundays ကျွန်းအနီးနားတစ်ဝိုက်တွင် ၂၀၁၈ခုနှစ် အတွင်း များစွာဖြစ်ပွားခဲ့သည်။ မနှစ်ကဆိုလျှင် အမျိုးသမီး တစ်ဦး နှင့် မိန်းကလေးငယ်တစ်ဦးလည်း အသေးစား ငမန်းကုတ်ဖဲ့ခံရခြင်းများ ဖြစ်ခဲ့သည်။ အလားတူ အမျိုးသားတစ်ဦးသည်လဲ ထိုနေရာပတ်ဝန်းကျင်တွင် ငမန်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည်။ သြစတြေးလျနိုင်ငံ၏ Sydney Taronga Zoo ၏ စစ်တမ်းထုတ်ပြန်ချက်များအရ ၂၀၁၈ ခုနှစ်တွင် ငမန်းတိုက်ခိုက်ခံရမှု စုစုပေါင်း ၂၇ခု ဖြစ်ပွားခဲ့သည် ဟုဆိုသည်။

မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top