ဘယ်လိုအသင်းကို နည်းပြမလဲဆိုတာ ထုတ်ပြောလိုက်တဲ့ မော်ရင်ဟို

bb5.jpg

လာမယ့်ရာသီမှာ နည်းပြလောကကို ပြန်ဝင်လာဖို့ စီစဉ်နေတဲ့ မန်ယူနည်းပြဟောင်း မော်ရင်ဟိုက သူ ကိုင်တွယ်မယ့်အသင်းက ဘယ်လိုအနေအထားမျိုးလဲဆိုတာ ထုတ်ပြောလိုက်ပါတယ်။ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ မန်ယူအသင်း နည်းပြရာထူးက ထုတ်ပယ်ခံရပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေသူပါ။

‘လာမယ့်ရာသီ မစမချင်း နည်းပြမလုပ်ဘူးလို့ ကျွန်တော် ဆုံးဖြတ်ထားပါတယ်။ ကျွန်တော့်ကို စိတ်လှုပ်ရှားစေနိုင်တဲ့ အသင်း၊ စိတ်လှုပ်ရှားစေနိုင်တဲ့ ပြိုင်ပွဲမှာပဲ နည်းပြလုပ်မှာပါ”လို့ မော်ရင်ဟိုက ပြောပါတယ်။ သူဟာ လီဂူး-၁ အသင်းတစ်သင်းသင်းကို ပြောင်းရွှေ့မယ်လို့ သတင်းထွက်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top