ဖူလ်ဟမ်အသင်း တန်းဆင်းပြီ

bb4.jpg

ပြီးခဲ့တဲ့နွေရာသီကာလက ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) ကျော် သုံးစွဲခဲ့တဲ့ ဖူလ်ဟမ်အသင်းဟာ ဝက်ဖို့ဒ်ကို (၄-၁) ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့နောက်မှာတော့ ပရီးမီးယားလိဂ်ကနေ တန်းဆင်းဖို့ သေချာသွားပါပြီ။ ဖူလ်ဟမ်ဟာ ဝက်ဖို့ဒ်နဲ့ပွဲမှာ (၁၂) မိနစ်အတွင်း (၃) ဂိုးပေးခဲ့ရပါတယ်။ ခံစစ်ပိုင်း အားနည်းတာက ဖူလ်ဟမ်ရဲ့ အဓိကပြဿနာတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဖူလ်ဟမ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၃၃) ပွဲ ကစားပြီးချိန်မှာ (၇၆) ဂိုးအထိ ပေးခဲ့ရပြီး (၁၇) မှတ်ပဲ ရရှိခဲ့ပါတယ်။

ဖူလ်ဟမ်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက နည်းပြ ဂျိုကာနိုဗစ်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီး ရေနီယာရီကို နည်းပြခန့်အပ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ ရေနီယာရီကို ထုတ်ပယ်ခဲ့ပြီး စကော့ပါကားကို နည်းပြခန့်အပ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် တန်းတက်အသင်းတွေထဲမှာ စံချိန်တင် အပြောင်းအရွှေ့စရိတ် အသုံးပြုခဲ့တဲ့ ဖူလ်ဟမ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၅) ပွဲ ကစားဖို့ ကျန်နေချိန်မှာပဲ တန်းဆင်းခဲ့ရတာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top