နာကျင်ခံစားခဲ့ရတဲ့ လူမျိုးရေးခွဲခြားမှုတွေကို ယာယာတိုရေး ထုတ်ပြော

bb6.jpg

ယူကရိန်းမှာ ဘောလုံးကစားခဲ့တုန်းက သူ့အသင်း ပရိသတ်တွေကိုယ်တိုင် လူမျိုးရေးခွဲခြားခဲ့တဲ့အကြောင်းကို မန်စီးတီး ကွင်းလယ်လူဟောင်း ယာယာတိုရေးက ထုတ်ပြောခဲ့ပါတယ်။ ယာယာတိုရေးဟာ ၂၀၀၃ ခုနှစ်က ယူကရိန်းကလပ် မီတာလာဒိုးနက်စ်အသင်းမှာ (၂) နှစ်ကြာ ကစားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူ ခံစားခဲ့ရတဲ့ လူမျိုးရေးခွဲခြားမှုတွေ ပြင်းထန်လွန်းလို့ သူ့အဖေကို ထုတ်ပြောရတဲ့အထိပဲလို့ ယာယာတိုရေးက ဆိုပါတယ်။

”စစချင်း သိမ်ငယ်တာပေါ့။ နောက်တော့ အရမ်းဒေါသထွက်တယ်။ မျောက်လို့ အော်တာက ကျန်တာ အားလုံးထက် ပိုဆိုးပါတယ်။ အဲဒီလှောင်ပြောင်မှုတွေနဲ့ အသားကျအောင် နေခဲ့ရပါတယ်။ ပရိသတ်တွေက ” သောက်လူမည်းကောင်၊ အိမ်ပြန်သွား”လို့ အော်ကြပါတယ်။ ဒါက ခံစားရခက်ပါတယ်။ ပွဲစဉ်တိုင်းမှာ ဒီလိုကြုံရပါတယ်။ တစ်ခါတလေ ကိုယ့်အသင်း ပရိသတ်တွေတောင် အဲဒီလို အော်ကြပါတယ်။ ကျွန်တော့်အဖေကို ဖုန်းဆက်ပြီး ဒီအကြောင်းတွေ ပြောပြခဲ့တာ မှတ်မိပါသေးတယ်။ တစ်ရက်ကျတော့ သူက ကျွန်တော် ကစားတဲ့ပွဲကို လာကြည့်တယ်။ ပွဲကြည့်စင်မှာ သူ ထိုင်ဖို့သွားတော့ လူဖြူတွေအားလုံး သူ့နားက ထထွက်သွားတယ်။ သူတို့က တခြားနေရာမှာ ပြောင်းထိုင်ကြတယ်”လို့ ယာယာတိုရေးက ပြောပါတယ်။ ယာယာတိုရေးဟာ မိုနာကို၊ ဘာစီလိုနာအသင်းတွေမှာ ကစားခဲ့ပြီးနောက် မန်စီးတီးအသင်းမှာ ၈ နှစ်ကြာ ကစားခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top