ပရီးမီးယားလိဂ်ရဲ့ ခြေစွမ်းအဆိုးရွားဆုံးအသင်းတွေထဲမှာ မန်ယူနဲ့ အာဆင်နယ် ပါဝင်

59750681_2365395100158063_4880001288357543936_n.jpg

မန်ယူနဲ့ အာဆင်နယ်ဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းအဆိုးရွားဆုံးအသင်း (၂) သင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးဆုံးဖို့ လက်ကျန်ပွဲစဉ် (၁) ပွဲပဲ ကျန်တော့ချိန်မှာ ဟက်ဒါစဖီး၊ ဖူလ်ဟမ်နဲ့ ကာဒစ်ဖ်အသင်းတွေ တန်းဆင်းသွားခဲ့ရပါပြီ။ မန်ယူနဲ့ အာဆင်နယ်ကတော့ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာ ဆက်တိုက်ခြေချော်ခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မဖြစ်နိုင်သလောက်အခြေအနေ ဖြစ်သွားပါပြီ။

ပွဲစဉ် (၃၇) ပွဲ ကစားပြီးချိန်မှာ Sky Sports သတင်းထောက်တွေက ပရီးမီးယားလိဂ်အသင်းတွေရဲ့ ခြေစွမ်းတွေကို (A) ကနေ (F) အထိ အဆင့်သတ်မှတ်ခဲ့ပါတယ်။ အဲဒီလိုအဆင့်သတ်မှတ်ရာမှာ မန်ယူနဲ့ အာဆင်နယ်ဟာ ဆောက်သမ်တန်အသင်းနဲ့အတူ အဆင့် (D) သတ်မှတ်ခံခဲ့ရပါတယ်။ ရာသီသိမ်းပွဲစဉ်အထိ ပရီးမီးယားလိဂ်ချန်ပီယံဆုအပြိုင်လုရမယ့် မန်စီးတီးနဲ့ လီဗာပူးကတော့ အဆင့် (A) သတ်မှတ်ခံခဲ့ရပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top