ဆိုးလ်ရှားကို မန်ယူက (၃) နှစ်စာချုပ်နဲ့ တရားဝင်နည်းပြ ခန့်အပ်

ss1-2.jpg

မန်ယူအသင်းကတော့ ယာယီနည်းပြ ဆိုးလ်ရှားကို (၃) နှစ်စာချုပ်နဲ့ တရားဝင်နည်းပြအဖြစ် ခန့်အပ်လိုက်ပါပြီ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ မော်ရင်ဟိုနေရာ အစားထိုးဝင်ရောက်လာတဲ့ ဆိုးလ်ရှားဟာ မန်ယူအသင်းကို (၁၉) ပွဲ ကိုင်တွယ်ရာမှာ (၁၄) ပွဲ အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဆိုးလ်ရှားလက်ထက်မှာ မန်ယူအသင်း အဆင့် (၄) အတွင်း ဝင်ရောက်နိုင်ရေး မျှော်လင့်ချက် ပိုကောင်းလာပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ပါတယ်။

မန်ယူနည်းပြ ရာထူးက သူအမြဲတမ်း မျှော်လင့်ခဲ့တဲ့အရာလို့ ဆိုးလ်ရှားက ပြောပါတယ်။ ဆိုးလ်ရှားဟာ ကစားသမားဘဝမှာရော၊ နည်းပြဘဝမှာပါ အတွေ့အကြုံ ကြွယ်ဝခဲ့သူဖြစ်ပြီး လူငယ်တွေကို အခွင့်အရေးပေးတာ၊ မန်ယူအသင်း အစဉ်အလာကို ကောင်းကောင်းနားလည်တာ စတဲ့ အချက်တွေကလည်း မန်ယူနည်းပြရာထူးနဲ့ ကိုက်ညီတယ်လို့ ညွှန်ပြခဲ့ကြောင်း မန်ယူအသင်း အမှုဆောင်ချုပ် အက်ဝုဒ်ဝက်က ပြောပါတယ်။

ဆိုးလ်ရှားကို တရားဝင်နည်းပြ ခန့်အပ်ကြောင်း ကြေညာပြီးချိန်မှာ
မန်ယူအသင်း လက်ရှိကစားသမားတွေနဲ့ ကစားသမားဟောင်းတွေက ဝမ်းမြောက်ကျေနပ်ဂုဏ်ယူမိတယ်လို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားဖော်ပြခဲ့ကြပါတယ်။

ဆိုးလ်ရှားဟာ မန်ယူအသင်း ကစားသမားဘဝတုန်းက (၃၆၆) ပွဲ ကစားရာမှာ (၁၂၆) ဂိုး သွင်းယူနိုင်ခဲ့ပြီး ၁၉၉၉ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ထပ်ဆောင်းအချိန်ပိုသွင်းဂိုးကြောင့် super-sub ကစားသမားအဖြစ် ကျော်ကြားခဲ့သူပါ။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top