မိုင်ပေါင်း (၃၀၀) ကျော်လျှောက်ပြီး ဂင်းနစ်စံချိန်တင်တဲ့ထိုင်းနိုင်ငံက ဘုန်းကြီးနှင့်ဦးဇင်းများ

buddhi.gif

ယမန်နှစ် နိုဝင်ဘာလက ထိုင်းနိုင်ငံမှာ သာသနာဘောင်က ဘုန်းတော်ကြီး၊ ဦးဇင်းများအပါးပေါင်း (၁၁၃၀) ပါးဟာ မိုင်ပေါင်း (၃၀၀) ကျော်ကို ခြေလျင် ခရီးနှင်ပြီး ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးအတွက် အလို့ငှာ နယ်လှည့် တရားဒေသနာ ရွတ်ဖတ်ခြင်းကို ပြုလုပ်ရာ စုစုပေါင်း (၂၉) ရက်ကြာမြင့်ခဲ့ပါတယ်။ ယင်း ဓလေ့ကို ၂၀၁၁ ခုနှစ်ကမှ စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ အကြီးကျယ်ဆုံး၊ အခမ်းနားဆုံး ဖြစ်ခဲ့ပါတယ်။ သန်းပေါင်းများစွာသော လူတို့ဟာလည်း ထောက်ပံ့ ဆောင်ရွက်ပေးတာကြောင့်လည်း ဖြစ်ပါတယ်။ တစ်ရက်ကို ဆွမ်းတစ်နှပ်သာ စားပြီး ခရီးနှင်ခြင်း၊ အနားခဏယူ၊ တရားထိုင်ခြင်းဖြင့် သွားရာ ဘာမော်တော်ယာဉ်မှ မကူညီပဲ မိုင်ပေါင်း (၃၀၀) ကျော်ကို ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။

ယင်း ရောက်ရှိမှုအတွက် ဂင်းနစ်အဖွဲ့မှနေပြီးတော့ ကမ္ဘာ့
လူအများဆုံးနဲ့ ခရီးအများဆုံး လမ်းလျှောက်သွားတဲ့ဂင်းနစ်ဆုကို ပေးအပ်ခဲ့ ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top