တရုတ်နောက်ဆုံးဧကရာဇ် ဝတ်ဆင်ခဲ့တဲ့ ရှားပါး Patek Philippe နာရီ ကန်ဒေါ်လာ ၆ သန်းကျော်နဲ့ လေလံအောင်မြင်

24.5.2023-yyl-7.jpg

တရုတ်နိုင်ငံရဲ့ နောက်ဆုံးဧကရာဇ် ဖူယီ ဝတ်ဆင်ခဲ့ဖူးတဲ့ Patek Philippe နာရီဟာ ဟောင်ကောင်လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၆.၂ သန်းနဲ့ လေလံအောင်မြင်ခဲ့ပါတယ်။ Patek Philippe Reference 96 Quantieme Lune နာရီဟာ ကမ္ဘာပေါ်မှာ ၈ လုံးပဲ ရှိတဲ့ ရှားပါးနာရီပါ။ အဲဒီနာရီဟာ ၈၆ နှစ် သက်တမ်းရှိပြီဖြစ်ပြီး ဆိုဗီယက်ပြည်ထောင်စုမှာ ဖူယီ ၅ နှစ်ကြာ အကျဉ်းကျခံရတုန်းက ဆိုက်ဘေးရီးယားကို ရောက်ရှိခဲ့ဖူးပါတယ်။

အချင်း ၁.၂ လက်မရှိတဲ့ ပလက်တီနမ်နာရီမှာ အာရေဗီကိန်းဂဏန်းတွေ ရေးထားတဲ့ ဒိုင်ခွက်၊ ရွှေသား နာရီလက်တံ၊ ဘယ်အချိန်မှာ လကို ဘယ်လောက်အထိ မြင်ရနိုင်မလဲဆိုတာ ဖော်ပြတဲ့ moon phase ပါဝင်ပါတယ်။ ကမ္ဘာကျော် ဆွစ်ဇာလန် နာရီကုမ္ပဏီ Patek Philippe က အဲဒီနာရီကို ၁၉၃၇ ခုနှစ်နောက်ပိုင်းမှ ရောင်းချခဲ့တာဖြစ်ပေမဲ့ နာရီအတွင်းပိုင်း စက်ယန္တယားတွေကတော့ ၁၉၂၉ ခုနှစ်ကတည်းက ထုတ်လုပ်ထားတာပါ။

မှတ်တမ်းမှတ်ရာတွေအရ အဲဒီနာရီကို ပဲရစ်မြို့ တန်ဖိုးကြီးပစ္စည်း အရောင်းဆိုင်ကနေ ရောင်းချခဲ့တာလို့ ဖော်ပြထားပေမဲ့ ဖူယီက ဒီနာရီ ဘယ်လိုရခဲ့လဲဆိုတာတော့ မသိရသေးပါဘူး။ ဖူယီဟာ အကျဉ်းကျခံရချိန်အတွင်း သူ့ရဲ့စကားပြန်အဖြစ် ဆောင်ရွက်ပေးခဲ့တဲ့ ဂျော့ဂျီပမ်ယာကော့ဗ်ကို ဒီနာရီ လက်ဆောင်ပေးခဲ့တာပါ။

Ref: Last Chinese emperor’s watch smashes expectations and fetches $6.2 million at auction

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top