မြေပြင်ပေါ် မဆင်းသက်ဘဲ ၆ နှစ်ကြာ ပျံသန်း

တငျိသာ.jpg

တောင်ပံ ဖြန့်လိုက်ရင် ၁၁ ပေ အရှည်ရှိတဲ့ ပင်လယ်စင်ရော်ငှက်ကြီး(Albatros)တွေဟာ မြေပြင်ပေါ်ကို မဆင်းသက်ဘဲ နှစ်ပေါင်းများစွာကြာအောင် ပျံသန်းနိုင်စွမ်း ရှိပါတယ်။ ကမ္ဘာပေါ်က ပျံသန်းနိုင်စွမ်းရှိတဲ့ ငှက်မျိုးစိတ်တွေထဲမှာ အကြီးဆုံးဖြစ်ပြီး တစ်ကြိမ်ကို မိုင် ၁၀၀၀၀ ကျော်အထိ ပျံသန်းနိုင်သလို ၄၆ ရက်တည်းနဲ့ ကမ္ဘာမြေကို တစ်ပတ်ပတ်နိုင်စွမ်း ရှိပါတယ်။

ပင်လယ်စင်ရော်ငှက်ကြီးတွေဟာ သက်တမ်း နှစ် ၆၀ အထိ ရှင်သန်နိုင်ပြီး Wisdom လို့ အမည်ပေးထားတဲ့ ငှက်မကြီးကတော့ သက်တမ်း နှစ် ၇၀ ကျော် ရှိနေပါပြီ။ ရှေးဟောင်းဟာဝိုင်အီ ဘာသာစကား Kuaihelani ဖြစ်ပြီး ကောင်းကင်ဘုံကျောရိုးလို့ အဓိပ္ပာယ်ရပါတယ်။

Ref: Albatross

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top