နောက်ဆုံးပေါ် Samsung Galaxy A04e စမတ်ဖုန်းကို မြန်မာနိုင်ငံဈေးကွက်တွင် ဝယ်ယူနိုင်ပြီ

22-11-2022yyl22.jpg

ထူးခြားဆန်းသစ်သောဒီဇိုင်း၊ သင့်တင့်မျှတသောဈေးနှုန်းနှင့် နောက်ဆုံးပေါ် Samsung Galaxy A04e စမတ်ဖုန်းများအား နိုဝင်ဘာလ ၂၂ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ ဈေးကွက်တွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း Samsung Myanmar မှ ကြေညာခဲ့သည်။

Galaxy A04e စမတ်ဖုန်းတွင် Android 12 version နှင့် Octa Core (2.3 GHz, 1.8 GHz) processor အပြင် စွမ်းအင်ချွေတာမှုစနစ်ပါဝင်သော 5,000 mAh ဘက်ထရီ ကိုလည်း ထည့်သွင်းပေးထားသည်။ ကြီးမားကျယ်ပြန့်‌သော ၆.၅ လက်မ HD+ PLS LCD မျက်နှာပြင် ပါဝင်ပြီး ကျောဖက်ကင်မရာ ၂ လုံး (13MP Main နှင့် 2MP Depth) နှင့် 5MP ရှေ့ကင်မရာများ ပါရှိသည်။

ဖန်သားကဲ့သို့တောက်ပြောင်သော ကျောဘက်မျက်နှာပြင်နှင့် ဆန်းသစ်သော အရောင်တို့ကိုပေါင်းစပ်ထားသည့် ရင်သပ်ရှုမောဖွယ် ဒီဇိုင်းကျန လှပသည့် Galaxy A04e (3GB RAM / 32GB ROM) စမတ်ဖုန်းအား Black၊ Copper နှင့် Light Blue စသည့် နှစ်လိုဖွယ်အရောင်များဖြင့် ရရှိသွားနိုင်မည် ဖြစ်ကာ မြန်မာနိုင်ငံတစ်ဝန်းရှိ Samsung အရောင်းပြခန်းများနှင့် တရားဝင်အရောင်းကိုယ်စားလှယ်ဆိုင်များတွင် မြန်မာငွေကျပ် ၃၁၉,၀၀၀ ကျပ်နှင့် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။

အစောဆုံး ဝယ်ယူအားပေးကြသူများကိုလည်း Samsung Myanmar မှ မေတ္တာလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်သည်။ ထိုမျှသာမက Samsung Care+ အစီအစဉ်တစ်ခုဖြစ်သည့် No Worry Crack ဝန်ဆောင်မှုကိုလည်း Galaxy A04e စမတ်ဖုန်းအား ဝယ်ယူပြီးသည့်နေ့မှစတင်ကာ ၆ လအတွင်း ခံစားသွားနိုင်မည် ဖြစ်ကာ မည်သို့သောအကြောင်းကြောင့်ဖြစ်စေ အရှေ့မျက်နှာပြင် မတော်တဆ အက်ကွဲမှု တစ်ကြိမ်အတွက် ပစ္စည်းဖိုးနှင့်လက်ခ ၅၀ ရာခိုင်နှုန်း သက်သာခွင့်ကိုလည်း ခံစားသွားနိုင် မည်ဖြစ်သည်။

Galaxy A04 စမတ်ဖုန်းအကြောင်းနှင့် Samsung Myanmar က ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များအကြောင်း အသေးစိတ်အချက်အလက်များကို Samsung Myanmar ၏ တရားဝင်ဖေ့ဘုတ်ခ်စာမျက်နှာတွင်လည်းကောင်း၊ https://www.samsung.com တွင်လည်းကောင်း ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top