အင်ဒိုနီးရှားနိုင်ငံမှာ အင်အားပြင်းငလျင် လှုပ်ခတ်လို့ လူရာချီ သေဆုံး

22-11-2022yyl23.jpg

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ ပြင်းအား ၅.၆ မဂ္ဂနီကျူ့စ် ငလျင် လှုပ်ခတ်ခဲ့လို့ လူရာချီ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၄၀၀ ဝန်းကျင်ရှိတယ်လို့ အင်ဒိုနီးရှားနိုင်ငံ အရာရှိတွေက ပြောပါတယ်။

အနောက်ဂျာဗားပြည်နယ် ဆိုင်ယန်ဂျူရ်မြို့မှာ မြေအောက်အနက် ၆ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာလို့ အမေရိကန်နိုင်ငံ ငလျင်တိုင်းတာရေးအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

အပျက်အစီးတွေအောက်မှာ ပိတ်မိပြီး အသက်ရှင်နေသေးသူတွေရှိရင် ကယ်တင်နိုင်ဖို့ ကယ်ဆယ်ရေးသမားတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ ညလုံးပေါက် ဆောင်ရွက်ခဲ့ပါတယ်။ ငလျင်လှုပ်ခတ်တဲ့နေရာဟာ လူဦးရေထူထပ်ပြီး မြေပြိုမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အမျိုးသားဘေးအန္တရာယ်သက်သာလျော့ပါးရေးအေဂျင်စီက သေဆုံးသူ ၁၀၃ ဦး ရှိတယ်လို့ ဖော်ပြထားပေမဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး ကာမီလ်ကတော့ လူ ၁၆၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

Ref:Indonesia: Java quake kills scores and injures hundreds

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top