ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးအဆိုတော် ဖြစ်လာခဲ့တဲ့ ရီဟားနား

060619_rihanna_AFP.jpg

အခုနှစ်ကတော့ ကမ္ဘာကျော်အဆိုတော် ရီဟာနား (Rihanna) အတွက် ကံကောင်းတဲ့နှစ်လို့ ပြောရမှာပါပဲ။ သူက နာမည်ကြီး LVMH ကုမ္ပဏီနဲ့ လက်တွဲလိုက်ပြီးတဲ့နောက်မှာ အဲဒီကုမ္ပဏီရဲ့ဖက်ရှင်ဆိုင်တွေကို ဦးဆောင်ရမယ့် အမျိုးသမီးဖြစ်လာခဲ့ပါတယ်။ အခုဆိုရင် သူက ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီးအဆိုတော်အဖြစ်လည်း သတ်မှတ်ခံနေရပြီဖြစ်ပါတယ်။

Forbes မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်မှာတော့ သူရဲ့ကြွယ်ဝချမ်းသာမှုက အမေရိကန်ဒေါ်လာ သန်း (၆၀၀) ရှိနေတဲ့အတွက် မက်ဒေါနား (Madonna) (အမေရိကန်ဒေါ်လာ သန်း (၅၇၀) )၊ စလင်းဒီယွန် (Celine Dion) (အမေရိကန်ဒေါ်လာ သန်း (၄၅၀))၊ ဘီယွန်းစေး (Beyonce) (အမေရိကန်ဒေါ်လာ သန်း (၄၀၀) )တို့ကို ကျော်ပြီး အချမ်းသာဆုံးစာရင်းဝင်သွားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဂီတတစ်ခုတည်းကသာ ကြွယ်ဝချမ်းသာအောင် ကူညီပေးခဲ့တာမဟုတ်ပါဘူး။

သူ့ရဲ့ဖက်ရှင်နဲ့ ၂၀၁၇ခုနှစ်က စတင်လုပ်ဆောင်ခဲ့တဲ့ Fenty Beauty အလှကုန်ပစ္စည်းတံဆိပ်တွေက ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီးအဆိုတော်ဖြစ်လာဖို့အတွက် အကြီးမားဆုံးအစိတ်အပိုင်းအနေနဲ့ ပါဝင်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ အဲဒီတံဆိပ်ကနေ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း (၅၇၀) ရရှိခဲ့ပြီး သတင်းဌာနတွေက Fenty တံဆိပ်က အမေရိကန်ဒေါ်လာ (၃) ဘီလျံကျော်တန်တယ်လို့ ခန့်မှန်းကြပါတယ်။

ရီဟားနားဟာ LVMH နဲ့ ပူပေါင်းလက်တွဲနေတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပိုပြီး ဖြစ်လာဖို့ မျှော်လင့်လို့ရနေပါပြီ။ သူက သူ့ရဲ့ဂီတကို မေ့ထားမှာမဟုတ်တဲ့အတွက် ဂီတနဲ့ပတ်သက်ပြီးတော့ ပရိသတ်တွေ စိုးရိမ်စရာတော့မလိုပါဘူး။ အယ်လ်ဘမ်အသစ်ထွက်ရှိဖို့ ပြင်ဆင်နေတယ်လို့လည်း ထုတ်ပြောပြပြီးသားဖြစ်ပါတယ်။

Ref: AsiaOne “Rihanna takes the crown for “richest female musician”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top