ရောဘတ်ပတ်တင်ဆန် ကိုဗစ်ကူးစက်ခံရလို့ The Batman ရိုက်ကူးရေးရပ်ဆိုင်းထားရဆိုတဲ့ သတင်းထွက်ရှိ

4-9-2020-yyl-012.jpg

လင်းနို့လူသားအဖြစ် ရိုက်ကူးနေတဲ့ မင်းသားရောဘတ် ပတ်တင်ဆန်ဟာ COVID-19 ရောဂါပိုးကူးစက်ခံနေရတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ကပ်ရောဂါကြောင့် ရိုက်ကူးရေးနားထားရတဲ့ The Batman ဇာတ်ကား ပြန်လည်ရိုက်ကူးမှုဟာလည်း ရောဘတ် ပတ်တင်ဆန်မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ရတာကြောင့် ရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။

ရုပ်ရှင်စတူဒီယို Warner Bros ကတော့ The Batman ထုတ်လုပ်ရေးရဲ့အဖွဲ့သားတစ်ယောက် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ရတယ်လို့ ဆိုထားပေမယ့် ဘယ်သူဘယ်ဝါဆိုတာကိုတော့ ထုတ်ပြောပြခဲ့ခြင်းမရှိပါဘူး။ ရိုက်ကူးရေးကို ယာယီ ရပ်ထားကြောင်းပြောခဲ့ပေမယ့် ဘယ်လောက်ကြာမလဲဆိုတာကိုလည်း ထုတ်ပြောမပြခဲ့ပါဘူး။ ဟောလိဝုဒ်က သတင်းမီဒီယာတွေဖြစ်တဲ့ Variety နဲ့ Vanity Fair တို့ကတော့ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တဲ့သူက မင်းသားရောဘတ်ပတ်တင်ဆန်ဖြစ်တယ်လို့ ထုတ်ပြောပြထားပါတယ်။

Warner Bros နဲ့ ရောဘတ် ပတ်တင်ဆန်တို့ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကတော့ တုံ့ပြန်ပြောကြားခဲ့ခြင်းမရှိသေးပါဘူး။ ရောဘတ်ပတ်တင်ဆန်ဟာ ကိုဗစ်လက္ခဏာရပ်တွေကို ဘယ်လောက်ထိ ခံစားနေရလဲဆိုတာကိုလည်း မရှင်းလင်းပါဘူး။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရုပ်ရှင်ကားတွေနဲ့ တီဗီရှိုးတွေကို မတ်လအလယ်ကတည်းက ရပ်နားစေခဲ့ပြီးတဲ့နောက် လွန်ခဲ့တဲ့ (၃) ရက်ကမှ လန်ဒန်နိုင်ငံမြောက်ပိုင်းမှာ The Batman ရိုက်ကူးရေးကို ပြန်စခဲ့တာဖြစ်ပါတယ်။ ရောဘတ်ပတ်တင်ဆန် ပါဝင်ထားတဲ့ The Batman ဇာတ်ကားက တိုက်ခိုက်ရေးခန်းတွေကို (၃)လစာလောက် ရိုက်ကူးဖို့ကျန်ရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။ ဒီဇာတ်ကား ထွက်ရှိမယ့်ရက်ကို ၂၀၂၁ခုနှစ် ဇွန်လလကနေ ၂၀၂၁ခုနှစ် အောက်တိုဘာလသို့ ရွှေ့ဆိုင်းထားရပါတယ်။

ရုပ်ရှင်နဲ့ တီဗီထုတ်လုပ်ရေးတွေက ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့အတွက် ဘေးကင်းလုံခြုံရေးစည်းမျဉ်းတွေအောက်မှာ နောက်ထပ်နှောင့်နှေးသွားခဲ့ရပါတယ်။ Universal Pictures ရဲ့ Jurassic World: Dominion အပါအဝင် အခြားရိုက်ကူးထုတ်လုပ်မှုတွေက လန်ဒန်၊ အရှေ့ဥရောပတွေမှာ ပြန်လည်စတင်နေပါပြီ။ Avatar ဇာတ်ကားရဲ့ သရုပ်ဆောင်တွေကလည်း နယူးဇီလန်မှာ ရိုက်ကူးရေးပြန်လည် လုပ်ဆောင်နေကြပါတယ်။ တွမ်ခရုကလည်း နော်ဝေမှာ Mission Impossible ဇာတ်ကားသစ်နာမူနာအတွက် ကျန်ရှိနေတဲ့အပိုင်းတွေကို Quaratine ခံယူစရာမလိုဘဲ ရိုက်ကူးဖို့ ခွင့်ပြုချက်ကို ဇူလိုင်က ရရှိခဲ့ပါတယ်။ ဇာတ်ကားထုတ်လုပ်ရိုက်ကူးရေးက ရုပ်ရှင်အဖွဲ့သားတွေကို နော်ဝေနိုင်ငံကလူတွေနဲ့ ခပ်ခွာခွာနေနိုင်ဖို့အတွက် အဖွဲ့သားတွေနေဖို့ အပျော်စီးသင်္ဘောနှစ်စီးကို ငှားရမ်းပြီးသွားပြီဆိုတဲ့သတင်းတွေလည်း ထွက်ရှိခဲ့ပါတယ်။

Ref: AsiaOne “Batman filming halted as Robert Pattinson tests positive for Covid-19”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top