နာမည်ကြီးမင်းသားလီမင်ဟိုရဲ့ Dating သတင်းကို အေဂျင်စီက ငြင်းဆို

unnamed-1-1.png

ဒီကနေ့ သြဂုတ်လ ၃၀ ရက်နေ့မှာတော့ ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးမင်းသားလည်းဖြစ်တဲ့၊ မိန်းကလေးတွေရဲ့သည်းသည်းလှုပ်မင်းသားချောလည်းဖြစ်တဲ့ လီမင်ဟို (Lee Min Ho) နဲ့ MOMOLAND အမျိုးသမီးအဆိုအဖွဲ့ရဲ့အဖွဲ့ဝင်ဟောင်း ယွန်းဝူ (Yeonwoo)တို့ ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့သတင်းထွက်ရှိလာခဲ့ပါတယ်။ ဒိတ်ဒိတ်ကြဲကိုရီးယားအနုပညာရှင်တွေတစ်တွဲပြီးတစ်တွဲ ထုတ်ဖော်ပေးနေတဲ့ နာမည်ကြီးသတင်းဌာန Dispatch က ဒီသတင်းကို ထုတ်ပြန်ခဲ့တာပါ။

Dispatch ရဲ့ထုတ်ပြန်ချက်အရ လီမင်ဟိုကို သြဂုတ်လ ၁ ရက်နေ့ ယွန်းဝူရဲ့မွေးနေ့မှာ အတူတူမြင်တွေ့ခဲ့ရတယ်။ မင်ဟိုနဲ့ ယွန်းဝူတို့ အတူတူ ညလယ်ခေါင်ထိ နေပြီး မွေးနေ့ရက်ရောက်ဖို့ မိနစ်တွေ အတူတူရေတွက်ခဲ့ကြတယ်။ သူတို့တွဲနေကြတာ ၅ လရှိပြီ။ ယွန်းဝူရဲ့မွေးနေ့ကို ဆင်နွှဲဖို့လည်း မင်ဟိုက သူ့ရဲ့အိမ်ကို ဖိတ်ခဲ့တယ်။ COVID-19 ရောဂါအခြေအနေတွေကြောင့် သူတို့ရဲ့အိမ်တွေမှာပဲ အမြဲလိုလို ချိန်းတွေ့ကြတယ်။ သူတို့ရဲ့နေအိမ်တွေကို ရောက်ဖို့ ၅ မိနစ်လောက်ပဲ လမ်းလျှောက်ရတယ်လို့ သိရပါတယ်။

မင်ဟိုနဲ့ယွန်းဝူတို့ဟာ ဂိမ်းဆော့တာနဲ့ ရုပ်ရှင်ကြည့်တာလို ဝါသနာတွေလည်း တူကြတယ်။ မကြာခဏ ဂိမ်းအတူတူဆော့ဖြစ်ကြတယ်။ တစ်ခါတလေ တစ်ညလုံးဂိမ်းဆော့ရင် အချိန်ကုန်သွားတယ်။ ရုပ်ရှင်သွားကြည့်ဖို့လည်း မင်ဟိုက ယွန်းဝူကို လာခေါ်လေ့ရှိတယ်လို့ Dispatch က ဆိုထားပါတယ်။

Dispatch က ထုတ်ပြန်တဲ့ ဒီသတင်းနဲ့ပတ်သက်ပြီး လီမင်ဟိုရဲ့အေဂျင်စီက ငြင်းဆိုထားပါတယ်။ လီမင်ဟိုရဲ့အေဂျင်စီ MYM Entertainment ကတော့ “သူတို့တွဲနေကြတယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့တွေက မိတ်ဆွေတွေပါပဲ” လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ထွက်ရှိလာတဲ့ပုံတွေနဲ့ပတ်သက်ပြီးတော့ အေဂျင်စီက “သူတို့နှစ်ယောက်တည်းမဟုတ်ပါဘူး။ အဲဒီအချိန်တုန်းက အခြားသူငယ်ချင်းတွေလည်း ရှိခဲ့တယ်။ အဲဒီပုံတွေက သူတို့ချိန်းတွေ့ကြတဲ့ပုံတွေမဟုတ်ပါဘူး” လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

Ref: Soompi & Koreaboo “Lee Min Ho’s Agency Denies Dispatch Report That He Is Dating Yeonwoo”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top