Mark Prin နဲ့ Kimmy Kimberley တို့ရဲ့ ကလေးယူမယ့် အနာဂတ်အစီအစဉ်

14.11.23-yyl-11.jpg

မြန်မာပရိသတ်တွေသာမက နိုင်ငံတကာပရိသတ်တွေပါ အားကျရတဲ့ နာမည်ကြီးစုံတွဲ Mark Prin နဲ့ Kimmy Kimberley တို့ဟာ နိုဝင်ဘာ ၁၂ ရက်နေ့က Centara Grand မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဒါက ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ဒုတိယမြောက်မင်္ဂလာပွဲပါ။ ပထမမင်္ဂလာပွဲကို စက်တင်ဘာ ၁၄ ရက်နေ့က အီတလီမှာ ကျင်းပခဲ့ကြတာပါ။

ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ သူတို့စုံတွဲရဲ့မင်္ဂလာပွဲကလည်း ကြီးကျယ်ခမ်းနားပြီး အများအားကျရတဲ့ ရိုဆန်ဆန်မင်္ဂလာပွဲပါပဲ။ အင်္ဂလိပ်နှင်းဆီ ၁၀၀၀၀ ကျော်နဲ့ ခြောက်လပန်းလို့ခေါ်ကြတဲ့ အဖြူရောင်ဟိုက်ဒရေးန်ဂျားပန်း ၅၀၀၀ နဲ့ အလှဆင်ခဲ့တာပါ။ နာမည်ကြီးအနုပညာရှင်တွေ၊ အနုပညာရှင်မိတ်ဆွေသူငယ်ချင်းတွေအပါအဝင် ဧည့်သည် ၃၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

Mark Prin နဲ့ Kim တို့စုံတွဲဟာ နောက် ၂ နှစ်မှာ ကလေးယူဖို့စီစဉ်ထားပါတယ်။ Mark Prin က သားလေးယူချင်ပြီး Kim ကတော့ သမီးမိန်းကလေးယူချင်တာပါ။ ဒါပေမဲ့ သူတို့ဟာ အရင်ဆုံး ကလေး ၁ ယောက်ပဲယူဦးမှာလို့ သိရပါတယ်။ သူတို့ နေထိုင်မယ့် မင်္ဂလာအိမ်ကြီးမှာ သူတို့ရဲ့ကလေးအတွက် အခန်းတစ်ခန်းလည်း ပြင်ဆင်ထားပြီးပြီလို့ သိရပါတယ်။

Mark Prin နဲ့ Kim တို့စုံတွဲက ချစ်သူသက်တမ်း ၉ နှစ်ကျော်အကြာမှာ အခုလို လက်ထပ်ခဲ့တာလည်းဖြစ်ပါတယ်။ Mark Prin က Kim ကို ပြီးခဲ့တဲ့နှစ် ဧပြီလ ၁၇ ရက်နေ့က ဆွစ်ဇလန်မှာ လက်ထပ်ခွင့်တောင်းခဲ့ပြီး အခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့မှာ စေ့စပ်ခဲ့ကြတာပါ။

Ref: Mark Prin and Kimmy Kimberley tied the knot in Thailand and revealed their plans about having kids

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top