တိုက်တန်းနစ်ဇာတ်ကားမှာ ကိတ်ဝင်းစလက် ဝတ်ဆင်ခဲ့တဲ့ ကုတ်အင်္ကျီကို လေလံတင်ရောင်းချ

14.8.23-yyl-11.jpg

တိုက်တန်းနစ်ဇာတ်ကားမှာ မင်းသမီး ကိတ်ဝင်းစလက် ဝတ်ဆင်ခဲ့တဲ့ ကုတ်အင်္ကျီကို လေလံတင်ရောင်းချနေပြီး အမေရိကန်ဒေါ်လာ ၁ သိန်းကျော်ရရှိမယ်လို့ ခန့်မှန်းရပါတယ်။ လူ ၅ ဦးကတော့ ဒီကုတ်အင်္ကျီအတွက် ကမ်းလှမ်းမှုတွေလုပ်ထားပြီး အမြင့်ဆုံးဈေးနှုန်းက ဒေါ်လာ ၃၄၀၀၀ပါ။ ဒီကုတ်အင်္ကျီမှာ တိုက်တန်းနစ်ရုပ်ရှင်ရိုက်ကူးနေစဉ်အတွင်း ပေသွားခဲ့တဲ့ ရေစွန်းထင်းမှုတွေ ရှိနေပါသေးတယ်။ ဒီဇာတ်ကားမှာ အကောင်းဆုံးဝတ်စုံဒီဇိုင်းအတွက် အော်စကာဆုရရှိခဲ့တဲ့ ဒီဘိုရာ လင်စကော့တ်က ဒီအနက်ရောင်ချည်ထိုးဒီဇိုင်းပါတဲ့ ပန်းရောင်ဆိုဒ်ပွကုတ်အင်္ကျီကို ဖန်တီးခဲ့တာပါ။

ဒီကုတ်အင်္ကျီက ဒေါ်လာ ၁ သိန်း (သို့) အဲဒီထက်ပိုတဲ့ တန်းဖိုးရှိ ပစ္စည်းတွေနဲ့အတူ Auction House Goldin ရဲ့ အထူးသီးသန့်ရောင်းချမှုတွေထဲက တစ်ခုပါ။ လေလံအောင်မယ့်သူက ရုပ်ရှင်အမှတ်တရတွေစုဆောင်းသူ (သို့) ရုပ်ရှင်ရဲ့အမာခံပရိသတ်ဖြစ်နိုင်တယ်လို့ Auction House Goldin က ဆိုထားပါတယ်။

Ref: Kate Winslet’s Iconic Overcoat From ‘Titanic’ To Be Sold At Auction

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top