ဆိုရှယ်လ်မီဒီယာပေါ်မှာ စကားပြော မဆင်ခြင်ခဲ့တာကြောင့် အလုပ်ပြုတ်သွားတဲ့ နာဆာက အလုပ်သင်

40187780_2213523018866192_4124311297388969984_n.jpg

လွန်ခဲ့တဲ့တစ်ပတ်က တွစ်တာပေါ်မှာ အကောင့်နာမည် (@NaomiH_official) ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ အမေရိကန်အခြေစိုက် နာဆာ အဖွဲ့အစည်းမှာ သူအလုပ်ရကြောင်း ရေးသားခဲ့ရာမှာ F- စကားလုံးကိုသုံးပြီး ရေးသား ဖော်ပြထားခဲ့ပါတယ်။

“Naomi H: အကုန်လုံး ေ- ာင် ပါးစပ်တွေ ပိတ်ထား။ ငါနာဆာမှာ အလုပ်သင် ရပြီကွ။

Homer Hickman : အသုံးအနှုန်း

Naomi H: ငါ…ကိုပဲစားလိုက်၊ ငါက နာဆာမှာ လုပ်နေတာ

Homer Hickman: အေး ငါကလည်း နာဆာကိုကြီးကြပ်နေတဲ့ အမျိုးသားအာကာသဆိုင်ရာကောင်စီမှာ အလုပ်လုပ်နေတာ”

ဟုမ်းမာ ဟက်မန်း (Homer Hickman) ဆိုတာ နာဆာရဲ့ အာကာသဆိုင်ရာ အင်ဂျင်နီယာဟောင်း တစ်ဦးဖြစ်တဲ့အပြင် အခုလက်ရှိမှာလည်း အမေရိကန် အမျိုးသားအာကာသဆိုင်ရာကောင်စီမှာ အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ ဗီယက်နမ်စစ်ပြန်တစ်ဦး ဖြစ်တဲ့ သူဟာ စစ်ထဲမဝင်ခင် အချိန်ကတည်းက သူ့အိမ်နောက်ဖေးကခြံမှာ ဒုံးပျံတွေကို လေ့လာ စမ်းသပ်တည်ဆောက်နေခဲ့တဲ့သူပါ။ ဟုမ်းမာရဲ့အကြောင်းကိုလည်း “October Sky” ဆိုတဲ့ နာမည် နဲ့ ၁၉၉၉ ခုနှစ်ကတည်းက ရုပ်ရှင် ထွက်ရှိ ထားပါသေးတယ်။

ဒီလို နာဆာ အဖွဲ့အစည်းရဲ့ အထင်ကရ ဖြစ်တဲ့သူကိုမှ မသိသားဆိုးဝါးစွာ မချေမငံ ပြန်ပြောခဲ့တဲ့ နာအိုမီ အမည်ရှိ အမျိုးသမီးကို လူတွေက ဝေဖန်ခဲ့ပါတယ်။ “နာဆာလို အဖွဲ့အစည်းမျိုးက ဟုမ်းမာ ဟက်မန်းဆိုတာ ဘယ်သူလဲမသိတဲ့သူမျိုးကို အလုပ်သင်ခန့်လိုက်တယ်ဆိုတာ ငါမယုံနိုင်ဘူး” လို့လည်း လူတစ်ယောက်က တွစ်တာမှာ ရေးခဲ့ပါသေးတယ်။

ဟုမ်းမာဟက်မန်းက ဩဂုတ်လ ၂၁ ရက်မှာတော့ ပြန်လည်ဖြေရှင်းချက်ထုတ်ခဲ့ပါတယ်။

“ဗီယက်နမ်စစ်ပြန်တစ်ယောက်ဖြစ်တဲ့ ငါ့အတွက် F- စကားလုံးက သိပ်အထူးအဆန်းမဟုတ်ပါဘူး။ ဒါပေမဲ့ နာဆာ ဆိုတဲ့ စာသားနဲ့ F ဆိုတဲ့ စကားလုံးကို တွဲမြင်လိုက်တော့ နာဆာသာမြင်သွားခဲ့ရင် ဒီကလေး ဒုက္ခရောက်တော့မယ်လို့ တွေးခဲ့မိလို့” အသုံးအနှုန်း” ဆိုတာကိုပဲ ကောမန့်ပေးပြီး ဒီတိုင်းထားလိုက်ဖို့ စဉ်းစားမိတာပါ။

ဒါပေမဲ့ သူ့သူငယ်ချင်းတွေကပါဝင်ပြီး မကောင်းတာတွေ ဆက်ပြောနေခဲ့တာတွေ့လို့ ငါ့ ကောမန့်နဲ့တခြား သက်ဆိုင်တဲ့ အရာတွေကိုပါ ဖျက်ခဲ့လိုက်တယ်။ နောက်တော့ ဒီကလေးကို နာဆာက အလုပ်မခန့်တော့ဘူးဆိုတာ ကြားတယ်။ ဒါက ငါလုပ်တာလည်း မဟုတ်သလို ငါ့မှာ လူတစ်ယောက်ကို အလုပ်ခန့်ပိုင်၊ ဖြုတ်ပိုင်ခွင့် မရှိပါဘူး။ နောက်မှ သိရတာက သူ့ သူငယ်ချင်းတွေ သုံးလိုက်တဲ့ #NASA ဆိုတဲ့ hashtag ကြောင့် နာဆာအဖွဲ့အစည်းက သိသွားတာပါ။

နောက်တော့ သူ ငါ့ကို လာပြီး တောင်းပန်ပါတယ်။ ငါ သူ တောင်းပန်တာကိုလည်း လက်ခံပါတယ်။ သူနဲ့စကားပြောကြည့်ပြီးတဲ့ အခါကျတော့ ဒီကလေးဟာ အာကာသဆိုင်ရာလုပ်ငန်းတွေမှာ နေရာတစ်ခု ရသင့်တယ်လို့ယူဆလို့ သူမရလိုက်တဲ့ အလုပ်သင်နေရာထက် ပိုကောင်းတဲ့ နေရာရအောင်လည်း ငါတတ်နိုင်သမျှ လုပ်ပေးနေပါတယ်။ သူ့အလုပ်လမ်းကြောင်း တစ်လျှောက်မှာလည်း အမည်းစက်မရှိဖို့ သူ့ကို အလုပ်ဖြုတ်လိုက်တဲ့သူတွေနဲ့လည်း စကားပြောထားပါသေးတယ်။”

ဒီလို သဘောကောင်းတဲ့ ဟုမ်းမာဟက်မန်းကြောင့် ဒီအမျိုးသမီးဟာ အင်မတန်မှ ကံကောင်းခဲ့ရင် အလုပ်ပြန်ရကောင်းရနိုင်မှာ ဖြစ်ပေမဲ့ ဒီအဖြစ်က အကုန်လုံးအတွက် သင်ခန်းစာပါပဲ။ နာဆာကတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဘယ်လိုမှတ်ချက်မှ မပေးထားသေးပါဘူး။

Ref: “NASA Intern Loses Job After Telling NASA Legend To Sick Her Balls”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top