အသားအရောင် ခွဲခြားမှုကို ဆန့်ကျင်ဖို့ အတွက် ဆေးအဖြူတွေ သုတ်လိမ်းပြီး ဆန္ဒပြတဲ့ အမျိုးသမီး

20160926_large.jpg

အမေရိကန်နိုင်ငံမှာ လူဖြူလူမည်းခွဲခြားမှုတွေဟာ ဟိုးအတိတ်ကလောက် မများပြားတော့ဘူးဆိုပေမယ့် ရှိတော့ ရှိနေဆဲပဲလို့ ဆိုကြပါတယ်။ စက်တင်ဘာလ ၂၀ ရက်နေ့က ကာရိုလိုင်းနား ပြည်နယ်မြောက်ပိုင်းမှာ ကိတ်သ် စကော့တ် လို့ ခေါ်တဲ့ အာဖရိကန် အမေရိကန် (လူမည်း) အမျိုးသား တစ်ဦးကို မူးယစ်ဆေးသုံးစွဲပြီး လက်နက်ကိုင်ဆောင်ထားတယ်လို့ ယူဆတာကြောင့် ဒေသခံရဲတွေက သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ ရဲတွေဘက်က ကိတ်သ်စကော့တ် ကိုင်ဆောင်ထားတဲ့ သေနတ်ပုံကို သက်သေ သာဓကအဖြစ် ဓာတ်ပုံနဲ့ ထုတ်လွှင့်ခဲ့ပေမယ့် လူထုက မယုံကြည်ကြပါဘူး။

ရဲတွေဟာ ခုလို ပစ်ခတ်ရတဲ့ အကြောင်းရင်းထဲမှာ လူမည်းဖြစ်နေတာကြောင့် အသက်ကို တန်ဖိုးမထားကြတာလည်း ပါတယ်လို့ လူအများက သုံးသပ်ကြပါတယ်။ အဲဒီနောက်ပိုင်းမှာ  အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေ တဖြည်းဖြည်း ပြင်းထန်လာခဲ့ပါတယ်။

ဖလော်ရီဒါမှာ နေထိုင်တဲ့ တက်ရှာလာ ဒန်ဂယ်လ် ဂေယာ ဆိုတဲ့ အမျိုးသမီးဟာလည်း အသားအရောင် ခွဲခြားမှုကို ဆန့်ကျင်ဆန္ဒပြသူတွေထဲက တစ်ဦး ဖြစ်ပါတယ်။ ဆန္ဒပြတဲ့ အနေနဲ့ သူမတစ်ကိုယ်လုံးကို ဆေးအဖြူရောင်တွေ သုတ်လိမ်းနေတဲ့ ဗီဒီယိုကို facebook မှာ live အနေနဲ့ လွှင့်တင်ခဲ့ပါတယ်။ ဗီဒီယိုရဲ့ အဆုံးမှာ “ အသက်မသေချင်ရင် အသားဖြူအောင်သာ လုပ်ကြ” ဆိုပြီး သရော်တဲ့ ၊ နာကျည်းတဲ့ ဟန်ပန်နဲ့ ပြောဆိုခဲ့ပါတယ်။ ဒီ ဗီဒီယိုဟာ Youtube နဲ့ Instagram တို့မှာလည်း ဆက်လက်ပျံ့နှံ့ခဲ့ပါတယ်။

Ref : Indian Express : “ Black US woman paints herself white to protest police shootings of African-Americans”

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top