အမေရိကန်ဒေါ်လာ (၂၀၀) ဘီလျံတန်ကြေးရှိတရုတ်ကုန်စည်တွေကို အမေရိကန်က အခွန်တိုးမြှင့်

60289805_2368619526502287_2617417400202559488_n.jpg

ကုန်သွယ်ရေးစာချုပ် ဆွေးနွေးပွဲမတိုင်ခင် အမေရိကန်နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီးနောက် အမေရိကန်နိုင်ငံက အမေရိကန်ဒေါ်လာ (၂၀၀) ဘီလျံတန်ကြေးရှိတဲ့ တရုတ်နိုင်ငံရဲ့ ထုတ်ကုန်ပစ္စည်းတွေကို အခွန် (၂) ဆကျော် တိုးမြှင့်ကောက်ခံခဲ့ပါတယ်။ အမေရိကန်ဟာ အဲဒီကုန်ပစ္စည်းတွေကို အခွန် (၁၀) ရာခိုင်နှုန်း ကောက်ခံနေရာကနေ (၂၅) ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်တာဖြစ်ပါတယ်။

အမေရိကန်ရဲ့လုပ်ရပ်အတွက် အရမ်းဝမ်းနည်းမိပြီး လက်တုံ့ပြန်သွားမယ်လို့ တရုတ်နိုင်ငံက ကြုံးဝါးထားပါတယ်။ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့မှာ နှစ်နိုင်ငံ ထိပ်တန်းအရာရှိတွေ ဆွေးနွေးနေတုန်း အခုလို ဖြစ်ပွားခဲ့တာပါ။ တရုတ်နိုင်ငံက ကုန်သွယ်ရေးစာချုပ်ဆိုင်ရာသဘောတူညီချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စွပ်စွဲခဲ့ပြီးနာရီပိုင်းအကြာမှာပဲ အခွန်တိုးမြှင့်ကောက်ခံခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top