၂၀၂၄ ခုနှစ်ကျရင် လူသားတွေကို လကမ္ဘာဆီ ခြေချနိုင်အောင်လုပ်ပေးမယ်လို့ ဂျက်ဖ်ဘီဇို့စ် ပြော

60024841_2368619389835634_5616406910526816256_n.jpg

၂၀၂၄ ခုနှစ်ကျရင် Blue Moon လို့ အမည်ရတဲ့ လပေါ်ဆင်းသက်ရေးယာဉ်နဲ့ လူသားတွေကို လကမ္ဘာဆီပို့ဆောင်မယ့်အစီအစဉ်တွေကို Blue Origin ကုမ္ပဏီတည်ထောင်သူ ဂျက်ဖ်ဘီဇို့စ်က ထုတ်ပြောခဲ့ပါတယ်။ ဝါရှင်တန်ပြည်နယ် ကန့်မြို့မှာ အခြေစိုက်တဲ့ Blue Origin ကုမ္ပဏီဟာ သူတို့ကုမ္ပဏီထုတ် New Glenn ဒုံးပျံအတွက် ကနေဒီအာကာသစင်တာအပြင်ဘက်မှာ စတုရန်းပေ ၇၅၀၀၀၀ ရှိတဲ့ စက်ရုံတစ်ခုတည်ဆောက်ခဲ့ပါတယ်။

သူတို့ဟာ အင်အားပြင်းတဲ့အာကာသယာဉ်ကို ကာနေဗီရယ်အငူ(Cape Canaveral) ကနေ လွှတ်တင်ဖို့ စီစဉ်နေပါတယ်။ New Glenn ဒုံးပျံကို ၂၀၂၁ ခုနှစ်မှာ ပထမဆုံးအကြိမ် လွှတ်တင်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ ”Blue Moon က လကမ္ဘာ မျက်နှာပြင်ပေါ်ကို ကုန်ပစ္စည်းကုဗတန် တော်တော်များများ ပို့ဆောင်နိုင်ပါတယ်။ လွှတ်တင်ရေးယာဉ်ကို လပေါ်ဆင်းသက်နိုင်စေဖို့အတွက် Blue Moon ယာဉ်ကို တခြားယာဉ်တွေနဲ့မတူဘဲ ကြီးကြီးမားမားဖြစ်အောင် ဒီဇိုင်းဆွဲထားတာပါ။ အဲဒီယာဉ်က ၂၀၂၄ ခုနှစ်မှာ အမေရိကန်နိုင်ငံသားတွေကို လပေါ်ပို့ဆောင်ပေးနိုင်လိမ့်မယ်”လို့ Blue Origin ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ အသေးစား New Shepard ဒုံးပျံနဲ့ ရရှိခဲ့တဲ့ အတွေ့အကြုံတွေပေါ် မူတည်ပြီး Blue Moon လပေါ်ဆင်းသက်ရေးယာဉ်ကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ လပေါ်ဆင်းသက်ရေးယာဉ်ပေါ်မှာ လောင်စာဆဲလ်တွေပါဝင်လို့ ခရီးစဉ် အချိန်ကြာကြာနေနိုင်မှာဖြစ်ပြီး လပေါ်ကညအချိန်တွေကို ဖြတ်သန်းနိုင်စွမ်းရှိစေမယ်လို့ Blue Origin ကုမ္ပဏီက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top