အမေ့ဗိုက်ထဲမှာတည်းက ရန်ဖြစ်နေကြတဲ့ အမြွာညီအစ်မ

17042019babyfight.jpg

အမြွာပူးမွေးတာက တစ်ခါတည်းနဲ့ နှစ်ယောက်ရတယ်ဆိုပေမဲ့ တစ်ဘက်က ပြန်တွေးရင် ခေါင်းကိုက်စရာ လူသတ္တဝါလေးနှစ်ယောက် တစ်ပြိုင်နက်ရောက်လာတာပါပဲ။ အပြင်လောက ရောက်ရင် ဘယ်လိုလဲမသိပေမဲ့ အမေ့ဗိုက်ထဲမှာတည်းက ရန်ဖြစ်နေတဲ့ အမြွာညီမနှစ်ယောက်ကတော့ အင်တာနက်မှာ ရေပန်းစားခဲ့ပါတယ်။

တရုတ်လူမျိုးမိခင်လောင်းတစ်ယောက်ဟာ အာထရာဆောင်းရိုက်စဉ်မှာ ဗိုက်ထဲက အမြွာလေးနှစ်ယောက်က အချင်းချင်း ထုရိုက်ကန်ကြောက်နေတဲ့ပုံစံမျိုး မြင်လိုက်ရပါတယ်။ အမြွာလေးတွေရဲ့ အဖေ Tao ကတော့ ဒါကိုမြင်ပြီး ဗီဒီယို ရိုက်ထားခဲ့ပါတယ်။ မွေးမလာသေးတဲ့ သမီးလေးတွေက တစ်ချီပြီးတစ်ချီ လက်ဝှေ့ထိုးနေသယောင် အမူအရာကို တွေ့လိုက်ရတာ ချစ်ဖို့ကောင်းတယ် လို့ Tao က ဆိုပါတယ်။

ရှားပါးအခြေအနေဖြစ်ပေမဲ့ ကံကောင်းစွာနဲ့ပဲ ချယ်ရီနဲ့ စတော်ဘယ်ရီက ဧပြီလ (၈) ရက်နေ့မှာ ကျန်းကျန်းမာမာနဲ့ ဖွားမြင်ခဲ့ပါတယ်

ဗီဒီယိုကို အင်တာနက်ပေါ်တင်လိုက်ချိန်မှာတော့ ချက်ချင်းဆိုသလိုပျံ့သွားခဲ့ပြီး like (၂) သန်းကျော် နဲ့ comments (၈၀,၀၀၀) ရရှိခဲ့ပါတယ်။ သမီးနှစ်ယောက်ကိုတော့ မိခင်ဖြစ်သူရဲ့ အကြိုက်ဆုံး အသီးဖြစ်တဲ့ ချယ်ရီနဲ့ စတော်ဘယ်ရီသီးကိုယူပြီး ချစ်စနိုးနာမည်ပေးထားပါတယ်။ ဒုတိယအကြိမ် အာထရာဆောင်းမှာတော့ အမြွာနှစ်ယောက်က ရန်မဖြစ်တော့ဘဲ ပြန်တည့်သွားကြသလို ဖက်ထားတာ တွေ့ခဲ့တယ်လို့ Tao က ဆိုပါတယ်။ အမြွာထဲက တစ်ယောက်က အခြားတစ်ယောက်ကို ချော့သိပ်နေပုံမျိုးလေးမြင်လိုက်ရတော့ ဂရုစိုက်ချစ်တတ်တဲ့ညီအစ်မလို့ခံစားရသလို ကြီးလာရင် ဖေးမနေထိုင်သွားမယ့် သမီးတွေလို့ Tao ကတော့ ကြည်နူးစွာလက်ခံထားပါတယ်။

ဒါပေမဲ့ အမြွာလေး (၂) ယောက်ရဲ့ ကံကြမ္မာကတော့ (၅၀) ရာခိုင်နှုန်းသာသာပဲရှိလို့ ရက်သတ္တပတ် (၂၆) ပတ်ကျော်ရင် အသက်ရှင်ပါ့မလား ဆိုတာကိုတော့ ခန့်မှန်းလို့မရခဲ့ပါဘူး။ ချက်ကြိုးက ထုံးသွားပြီး အမွှာတစ်ယောက် ဒါမှမဟုတ် နှစ်ဦးစလုံးဆီကို သွေးစီးဆင်းမှုအားနည်းသွားမယ့် Mo-Mo twins အခြေအနေကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ကိုယ်ဝန်သည်အယောက် (၆) သောင်းမှာ တစ်ဦးလောက်ပဲ ကြုံတွေ့ရတဲ့ ရှားပါးအခြေအနေဖြစ်ပေမဲ့ ကံကောင်းစွာနဲ့ပဲ ချယ်ရီနဲ့ စတော်ဘယ်ရီက ဧပြီလ (၈) ရက်နေ့မှာ ကျန်းကျန်းမာမာနဲ့ ဖွားမြင်ခဲ့ပါတယ်။ အကြီးသမီးလေးက ကိုယ်အလေးချိန် (၄) ပေါင် (၅) အောင်စ ရှိပြီး တစ်မိနစ်ခြား ပြီးမွေးခဲ့တဲ့အငယ်လေးကတော့ (၃) ပေါင် (၉) အောင်စ ရှိပါတယ်။

မွေးဖွားပြီး ခဏအကြာမှာတော့ အမြွာတစ်ဦးရဲ့ နှလုံးခုန်နှုန်းက ချက်ချင်းဆိုသလိုထိုးကျသွားလို့ အရေးပေါ်ခွဲစိတ်မှု ဆောင်ရွက်ခဲ့ရပါသေးတယ်။ ထင်ထားတဲ့အတိုင်း ချက်ကြိုးထုံးနေတာကို တွေ့လိုက်ရပြီး အောင်မြင်စွာခွဲစိတ်နိုင်ခဲ့တာကြောင့် အသက်ရှင်တဲ့ပထမဆုံး Mo-Mo အမြွာအဖြစ် ဆေးရုံမှတ်တမ်းမှာ ဝင်သွားခဲ့ပါတယ်။

ဗီဒီယိုဖိုင်လင့်ခ်- http://tiny.cc/xo8o5y

Ref: Dailymail “Identical twin sisters are spotted ‘fighting’ in their mother’s womb during an ultrasound scan”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top