ခရီးသည်တစ်ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့လို့ စင်ကာပူနိုင်ငံရဲ့ ရှုခင်းကြည့်သင်္ဘောကို ပြန်လှည့်ခဲ့ရ

8-12-2020-yyl-032.jpg

စင်ကာပူနိုင်ငံရဲ့ ရှုခင်းကြည့် ခရီးသည်တင်သင်္ဘောပေါ်က ခရီးသည်တစ်ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့လို့ ဆိပ်ကမ်းပြန်ကပ်ခဲ့ရပါတယ်။ Royal Caribbean သင်္ဘောလိုင်းရဲ့ Quantum of the Seas သင်္ဘောဟာ စင်ကာပူနိုင်ငံတစ်ဝိုက် ရှုခင်းကြည့်ဖို့ ၃ ညအိပ်၊ ၄ ရက်ခရီးစဉ် ထွက်ခွာခဲ့တာပါ။

ဒါပေမဲ့ အသက် ၈၃ နှစ်အရွယ် ခရီးသည်တစ်ယောက် ဝမ်းလျှောပြီး သင်္ဘောပေါ်က ကျန်းမာရေးဝန်ထမ်းကို လာပြချိန်မှာ PCR Test စစ်ဆေးမှုအရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့တာပါ။ အဲဒီအတွက် ၃ ရက်မြောက်မှာပဲ သင်္ဘောကို ပြန်လှည့်လာခဲ့တာပါ။

သင်္ဘောပေါ်မှာ ခရီးသည် ၁၆၈၀ ယောက်၊ အမှုထမ်း ၁၁၄၈ ယောက် ပါဝင်ပါတယ်။ ဒါဟာ သင်္ဘောပေါ်မှာ တင်ဆောင်နိုင်တဲ့ ပမာဏရဲ့ တစ်ဝက်နှုန်းပဲ ရှိပါတယ်။ ရှုခင်းကြည့်ခရီးစဉ် ပြေးဆွဲမှုဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စင်ကာပူနိုင်ငံရဲ့ ပြည်တွင်းခရီးသွားလာမှု ပြန်လည်မြင့်တက်လာရေး ကြိုးပမ်းမှု အစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

သင်္ဘောကို ပြန်လှည့်လာခဲ့ပြီးနောက် ထိတွေ့မှုရာဇဝင် စုံစမ်းစစ်ဆေးရေး အပြည့်အဝမပြီးစီးမချင်း သင်္ဘောပေါ် လိုက်ပါခဲ့တဲ့ ခရီးသည်တွေကို ကမ်းပေါ်တက်ခွင့်ပေးမှာမဟုတ်ပါဘူး။ ရှုခင်းကြည့်သင်္ဘောပေါ်မှာ လိုက်ပါသူအားလုံးဟာ ကိုဗစ်-၁၉ ရောဂါပိုးမရှိဘူးဆိုတဲ့ ဆေးစစ်ချက်အဖြေ ပြသဖို့လိုပြီး သင်္ဘောပေါ်မှာလည်း အခန်းအပြင်ထွက်တာနဲ့ တချိန်လုံး နှာခေါင်းစည်းဝတ်ဆင်ထားရတာပါ။

Ref: CNN ” Singapore ‘cruise to nowhere’ turns back after passenger tests positive for Covid-19″

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top