ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ သေဆုံးသွားခဲ့တဲ့ One Direction အဖွဲ့ဝင်ဟောင်း လီယမ်ပိန်း ဟာ အသားတင်ကြွယ်ဝချမ်းသာမှု ပေါင် ၂၈.၅ သန်း ချန်ထားခဲ့တယ်လို့ တရားရုံးမှတ်တမ်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အကြွေးတွေနဲ့ အခြားကုန်ကျစရိတ်တွေ ပေးလိုက်ပြီးတဲ့နောက်မှာတော့ ပိုင်ဆိုင်မှုက ပေါင် ၂၄ သန်းကျော် (ပေါင်၂၄၂၇၉၇၂၈) ပဲ ရှိပါတော့တယ်။
သူ့ရဲ့ပိုင်ဆိုင်မှုအတွက် စီမံနိုင်တဲ့သူက သူ့ရဲ့ပါတနာဟောင်း၊ သူနဲ့ ရထားတဲ့ ၈ နှစ်အရွယ်သားလေးရဲ့မိခင်ဖြစ်သူ ချယ်ရီ ( သူတို့၂၀၁၆ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်ကြား တွဲခဲ့ကြ) ဖြစ်တယ်လို့ တရားရုံးမှတ်တမ်းတွေက ပြထားပါတယ်။ ချယ်ရီက လီယမ်ရဲ့ပိုက်ဆံ၊ ပိုင်ဆိုင်မှုတွေအတွက် ဥပဒေအရ တာဝန်ယူသွားရမှာဖြစ်ပါတယ်။
ဂီတနယ်ပယ်က ရှေ့နေတစ်ဦးဖြစ်တဲ့ ရစ်ချက် ဘရေးကလည်း လီယမ်ရဲ့ပိုင်ဆိုင်မှုတွေကို စီမံနိုင်တဲ့သူတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ ချယ်ရီနဲ့ ရစ်ချက်တို့ ၂ ဦးက ငွေတွေကို စီမံဖို့ တာဝန်ရှိနေပေမဲ့ အခုအချိန်မှာတော့ သူတို့နှစ်ဦး မခွဲဝေနိုင်သေးဘူးလို့ သိရပါတယ်။
လီယမ်ပိန်းက ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှာ အာဂျင်တီးနားနိုင်ငံ၊ ဘွေနို့စ်အိုင်းရဲ့စ်မြို့တော် ပါလေရ်မို ရပ်ကွက်ရှိ ဟိုတယ်တစ်ခုရဲ့တတိယထပ်လသာဆောင်ကတော့ ပြုတ်ကျကာ သေဆုံးသွားခဲ့တာပါ။
Ref: Liam Payne left behind fortune without making a will
WL (ရိုးရာလေး)