တောင်ခြင်္သေ့ကို ခုခံတိုက်ခိုက်ပြီး သခင်ဖြစ်သူရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ ခွေးလေး

19-5-2022-yyl-07.jpg

အာရင် ဝီလ်ဆန်ဆိုတဲ့ အမျိုးသမီးဟာ ကယ်လီဖိုးနီးယားမြောက်ပိုင်းက မြစ်ဘေးတစ်လျှောက် လမ်းလျှောက်ရင်း အပန်းဖြေအနားယူနေခဲ့တာပါ။ သားကောင်တစ်ကောင်က ရုတ်တရက်ကြီး သူ့ရဲ့ပခုံးကို ကုတ်ခြစ်ပြီး အန္တရာယ်ပြုတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအချိန် အာရင်ရဲ့ဘယ်ဂျီယံသိုးထိန်းခွေးလေး အီဗာက ခုန်ဝင်လာပြီး တောင်ခြင်္သေ့ရဲ့ရန်ကနေ သခင်ဖြစ်သူကို ခုခံကာကွယ်ပေးခဲ့ပါတယ်။ အဲဒီသားကောင်က အီဗာကို သူ့ရဲ့ပါးစပ်ကြီးနဲ့ ဖမ်းကိုက်လိုက်တာကြောင့် အာရင်က တစ်ယောက်ယောက်ကို အကူအညီတောင်းဖို့ လုပ်ခဲ့ပါတယ်။

အာရင်က သူ့ရဲ့ထရပ်ကားဆီ ပြန်ပြေးခဲ့ပြီး တာယာဘီးဖြုတ်တဲ့သံချောင်းမှာ အလံကို ချိတ်ခဲ့ပါတယ်။ အဲဒီနောက် ဖြတ်လာတဲ့ ဆိုင်ကယ်သမားကို အလံဝှေ့ယမ်းပြကာ အကူအညီတောင်းခဲ့ပါတယ်။ ဆိုင်ကယ်သမားနဲ့အတူ သူ့ခွေးလေးဆီ ပြန်လာတော့ တောင်ခြင်္သေ့က အီဗာကို ရထားလမ်းဆီ ဆွဲခေါ်သွားနေပါတယ်။ ဆိုင်ကယ်သမားနဲ့ အာရင်တို့ တောင်ခြင်္သေ့ကို အတူတူတိုက်ခိုက်ခဲ့ကြပါတယ်။ နောက်ဆုံးမှာ အီဗာကို လွှတ်ပေးလိုက်ပြီး အဝေးကို ထွက်ပြေးသွားခဲ့ပါတယ်။ ခွေးလေး အီဗာရဲ့ကျေးဇူးကြောင့် အာရင်ဟာ ခြစ်ရာ၊ ပွန်းရာအနည်းငယ်သာရရှိခဲ့တာပါ။ အာရင်က သူ့အသက်ကို အီဗာကယ်ခဲ့တာနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

“သူ ကျွန်မ့အပေါ် အဲလောက်ထိ သစ္စာစောင့်သိလိမ့်မယ်လို့ ကျွန်မ မထင်ခဲ့မိဘူး။ အီဗာက တောင်ခြင်္သေ့ကို အကြိတ်အနယ်တိုက်ခိုက်ခဲ့တာ။ သူတို့ စက္ကန့်အနည်းငယ်လောက် ရန်ဖြစ်ခဲ့ကြပါတယ်။ အဲဒီနောက် တောင်ခြင်္သေ့က အီဗာရဲ့ဉီးခေါင်းကို ဖမ်းဆွဲကာ ကိုက်ခဲ့တယ်။ ပထမတော့ အီဗာ အဆင်ပြေတယ်လို့ ထင်ခဲ့တာ။ အနီးကပ်ကြည့်လိုက်တော့ သူ့မျက်နှာမှာ ဒဏ်ရာတွေရနေပြီဆိုတာ ကျွန်မသိလိုက်တယ်။ သူ့ရဲ့ပါးစပ်ထဲက သွေးတွေအများကြီး ထွက်လာတယ်”

အာရင်က သူ့ခွေးလေးကို ကယ်တင်ပြီးတဲ့နောက် အနီးနားမြို့က အရေးပေါ်တိရစ္ဆာန်ဆေးကုခန်းကို အပြေးသွားခဲ့ပါတယ်။ သူ့ရဲ့ဉီးနှောက်ထဲ သွေးယိုတာမျိုးမဖြစ်အောင် တိရစ္ဆာန်ဆရာဝန်တွေက ကုသပေးခဲ့ကြပါတယ်။ အာရင်က ဆေးကုသစရိတ်အတွက် ရန်ပုံငွေရှာဖို့ Go Fund Me ပေ့ချ်ကို ထောင်ခဲ့ပါတယ်။ အဲဒီကနေ လိုအပ်တဲ့ ငွေ ပေါင် ၇၀၀၀ ထက် ပေါင် ၂၀၀၀၀ ကျော် ရရှိခဲ့ပါတယ်။

Ref: TheMirror “Hiker saved from being mauled to death by mountain lion as hero dog leaps to defend her”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top