ဘောလုံးကွင်းတစ်ဝက်စာပဲ ရှိပေမဲ့ ၂ နိုင်ငံ ပူးတွဲအုပ်ချုပ်နေရတဲ့ ကျွန်း

30-6-2022-yyl18.jpg

ဘောလုံးကွင်းတစ်ဝက်စာလောက်ပဲ ကျယ်ဝန်းတဲ့ ဒီကျွန်းလေးမှာ လူဦးရေ ၅၀၀ လောက် နေထိုင်ကြပါတယ်။ မီဂျင်ဂိုကျွန်းဟာ ကင်ညာနဲ့ ယူဂန်ဒါနိုင်ငံကြားက ဗစ်တိုးရီးယားရေကန်ကြီးထဲမှာ တည်ရှိပြီး ကျွန်းပတ်လည် ရေပိုင်နက်က ငါးပေါများလို့ နှစ်နိုင်ငံလုံး သူပိုင်၊ ကိုယ်ပိုင် အငြင်းပွားနေကြတဲ့ ကျွန်းပါ။

ကျွန်းတစ်ဝိုက်မှာ ဖမ်းယူရရှိတဲ့ နိုင်းငါးပြေမတွေဟာ ဥရောပသမဂ္ဂဆီ တင်ပို့တဲ့ အဖိုးတန်ပို့ကုန်တစ်ခုဖြစ်လို့ ဒီနေရာက မက်လောက်စရာ ဝင်ငွေအရင်းအမြစ်တစ်ခုလည်း ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်တုန်းက မီဂျင်ဂိုကျွန်းနဲ့ပတ်သက်ပြီး ကင်ညာနဲ့ ယူဂန်ဒါကြား စစ်ဖြစ်လုဆဲဆဲပါပဲ။ အခုတော့ ဝ.၄၉ ဧကပဲ ရှိတဲ့ ကျွန်းငယ်လေးကို နှစ်နိုင်ငံ ပူးတွဲအုပ်ချုပ်နေပါတယ်။ မီဂျင်ဂိုကျွန်းက သေးငယ်ပေမဲ့ ကျွန်းပေါ်မှာ အရက်ဆိုင် ၄ ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ ဆေးဆိုင်နဲ့ ပြည့်တန်ဆာအိမ် တော်တော်များများ ရှိပါတယ်။

Ref: Life on the tiny island of Migingo

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top