ရေနစ်နေတဲ့ မျောက်ဝံကို တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းက ကျုံးထဲ ခုန်ချကယ်တင်ခဲ့

30-6-2022-yyl22.jpg

ရေနစ်နေတဲ့ မျောက်ဝံကို ကျုံးထဲ ခုန်ချကယ်တင်ခဲ့တဲ့ တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်း

ဗီယက်နမ်နိုင်ငံ၊ Vinpearl Safari Phu Quoc တိရစ္ဆာန်ဥယျာဉ်က မျောက်ဝံတစ်ကောင်ဟာ လာရောက်လည်ပတ်သူတစ်ယောက် ပစ်လိုက်တဲ့ အစာကို ယူဖို့ လုပ်ရင်းနဲ့ ရေထဲ ပြုတ်ကျသွားခဲ့ပါတယ်။ မျောက်ဝံက ရေထဲကျသွားတဲ့အချိန် ရေကူးဖို့ ကြိုးစားခဲ့ပေမဲ့ ရေမွှန်းပြီး ရေထဲ နစ်မြုပ်သွားခဲ့ပါတယ်။

မျောက်ဝံ ရေထဲကျသွားပုံ
မျောက်ဝံကို ကယ်တင်ဖို့ တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်း ရေထဲခုန်ချနေပုံ

အဲဒီအချိန်မှာ တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းတစ်ဉီးက မျောက်ဝံရေနစ်နေတာမြင်ခဲ့ပြီး အသက်ကယ်ဘောကွင်းကို အရင်ဆုံး ရေထဲပစ်ချခဲ့ပါတယ်။ အဲဒီနောက် သူကိုယ်တိုင် ကျုံးထဲ ခုန်ချပြီး မျောက်ဝံကို ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ်။ မျောက်ဝံကို ရှာတွေ့တဲ့အထိ ရေငုပ်ပြီးရှာဖွေနေခဲ့တာပါ။ မျောက်ဝံကို ရေထဲကနေ ရှာတွေ့တော့ သူ့လက်မောင်းတစ်ဖက်နဲ့ပိုက်ထားပြီး အစပိုင်းက ပစ်ချခဲ့တဲ့ အသက်ကယ်ဘောကွင်းနဲ့အတူ ကမ်းစပ်ရောက်အောင် ကူးလာခဲ့ပါတယ်။

မျောက်ဝံကို ရေထဲက ကယ်တင်ပြီး ကမ်းစပ်ကို ခေါ်လာပုံ

ကမ်းပေါ်ရောက်တော့ အဲဒီဝန်ထမ်းက လူဝံကြီး အသက်ရှင်ဖို့အတွက် အသက်ကယ်နည်းနဲ့ ကယ်တင်ပေးခဲ့ပါသေးတယ်။ လူဝံကြီး အသက်ဘေးကနေလွတ်မြောက်ခဲ့ပြီး လက်ရှိအခြေအနေက တည်ငြိမ်နေပြီး မစိုးရိမ်ရတော့ဘူးလို့ တိရစ္ဆာန်ဥယျာဉ်ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပေးခဲ့ပါတယ်။

အသက်ကယ်နည်းနဲ့ ကယ်တင်နေပုံ

ခွင့်ပြုမထားတဲ့နေရာတွေမှာ တိရစ္ဆာန်တွေကို အစာမကျွေးဖို့သတိပေးထားတဲ့ ဆိုင်းဘုတ်တွေကို လာရောက်လည်ပတ်သူတွေက လျစ်လျူရှုပြီး အစာကျွေးတာကြောင့် တိရစ္ဆာန်တွေကို အသက်အန္တရာယ်ဖြစ်စေခဲ့တယ်လို့ တိရစ္ဆာန်ဥယျာဉ်က ဆိုပါတယ်။

https://www.youtube.com/watch?v=BmcyinQo4uw

Ref: TheMirror “Hero zookeeper jumps into moat to rescue drowning orangutan and gives animal CPR”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top