သူ့ရဲ့ကလေးတွေက သူ့ကို Thor: Love and Thunder မှာပါဝင်ဖို့ ကမ်းလှမ်းချက်ကို လက်ခံခိုင်းခဲ့တယ်ဆိုတဲ့ ခရစ်ရှန်ဘေးလ်

30-6-2022-yyl16.jpg

The Dark Knight မှာ လင်းနို့လူသားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ခရစ်ရှန်ဘေးလ်ဟာ Thor: Love and Thunder ရုပ်ရှင်ကားမှာတော့ အဓိကဗီလိန်ဖြစ်တဲ့ Gorr the God Butcher ဇာတ်ကောင်အဖြစ် ပါဝင်ထားပါတယ်။ ဒီဇာတ်ကောင်အဖြစ် ပါဝင်ဖြစ်ခဲ့တာဟာ သူ့ကလေးတွေက ဒီဇာတ်ကောင်ကို ပယ်ချခွင့်မပြုခဲ့တာကြောင့်ဖြစ်တယ်လို့ သူက ဖွင့်ဟထားပါတယ်။

ခရစ်ရှန်ဘေးလ်ရဲ့ကလေးတွေက သူ့ကို Thor: Love and Thunder မှာပါဝင်ဖို့ ကမ်းလှမ်းချက်ကို လက်ခံခိုင်းခဲ့တာပါ။ သူ့ရဲ့ကလေးတွေဖြစ်တဲ့ အမ်မာလိုင်း (အသက် ၁၇နှစ်) နဲ့ ဂျိုးဆက် (အသက် ၇ နှစ်) တို့က သူ့အလုပ်နဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုပြတာ ဒါပထမဆုံးပဲလို့ ခရစ်ရှန်ဘေးလ်က Entertainment Tonight မှာ ပြောကြားခဲ့ပါတယ်။

Thor: Love and Thunder မှာ ခရစ်ရှန်ဘေးလ် သရုပ်ဆောင်ထားတဲ့ ဗီလိန် Gorr the God Butcher

ခရစ်ရှန်ဘေးလ်က အခုလိုပြောပါတယ်။ “ကျွန်တော့်ကလေးတွေ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကို အရမ်းစိတ်ဝင်စားခဲ့တာက ဒါ ပထမဆုံးပါ။ အမြဲတမ်း ကျွန်တော်တို့ အတူတူထိုင်ပြီး ဆုံးဖြတ်ချက်ချကြတယ်။ ဒါပေမဲ့ ဒီတစ်ခု မဖြစ်နိုင်ဘူးလို့ ကျွန်တော်တွေးခဲ့တာ၊ ကလေးတွေက ကျွန်တော့်ကို ဒါနဲ့ပတ်သက်ပြီး “မဟုတ်ဘူး..ဖေဖေ ဒီတစ်ခုကို လုပ်ရမယ်လို့ ပြောခဲ့တယ်။ ကျွန်တော်ကလည်း ဖေဖေလုပ်ရမှာလားလို့ ပြောတော့ “ဟုတ်တယ်…သေချာပေါက်ပေါ့”လို့ ကလေးတွေက ပြောတယ်။ အဲဒါနဲ့ ကျွန်တော်လည်း အိုကေလို့ ပြောခဲ့တယ်”

Thor: Love and Thunder ရုပ်ရှင်ကားသစ်မှာ မင်းသား ခရစ်ရှန်ဘေးလ်အပြင် မင်းသား ခရစ်ဟမ်းစ်ဝါ့သ်၊ မင်းသမီး နာတာလီ ပေါ့ထ်မန်းတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး အမေရိကန်မှာ ဇူလိုင်လ ၈ ရက်နေ့၊ ဗြိတိန်မှာ ဇူလိုင်လ ၇ ရက်နေ့ ရုံတင်ပြသမှာဖြစ်ပါတယ်။

Ref: AsiaOne “Christian Bale says Thor role is the first time his children influenced his career”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top