Heart Attack မဖြစ်စေဖို့ ပြောင်းလဲလိုက်သင့်တဲ့ လူနေမှုပုံစံ

conceptual-photo-of-heart.jpg

Heart Attack ဖြစ်ခြင်းဟာ အသက်အန္တရာယ်ပေါင်းများစွာကို နှုတ်ယူနေတဲ့ ကျန်းမာရေးပြဿနာ တစ်ခုဖြစ်ပါတယ်။ Heart Attack ဖြစ်ခဲ့မယ်ဆိုရင် နှလုံးထိခိုက်ပျက်စီးပြီး အသက်အန္တရာယ်ကို ထိခိုက်စေပါလိမ့်မယ်။

နှလုံးရောဂါဟာ အမေရိကမှာ နံပါတ် ၁ အဆိုးရွားဆုံး ကျန်းမာရေးပြဿနာဖြစ်သလို ကမ္ဘာတစ်ဝှမ်းမှာလည်း လူ့အသက်ပေါင်းများစွာကို နှုတ်ယူနေတဲ့ ရောဂါဆိုးပါ။ နှလုံးရောဂါကြောင့် အသက်ဆုံးရှုံးရမှုတွေရဲ့ အများစုဟာ Heart Attack ကြောင့်ပါ။

မိမိမှာ နှလုံးရောဂါအခံရှိနေတာ၊ ဒါမှမဟုတ် နှလုံးရောဂါဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာတွေပြသလာနေပြီဆိုရင် အခြေအနေတွေ ရှေ့ဆက်တိုးပြီး မဆိုးရွားလာဖို့ တားဆီးဖို့ လိုအပ်လာပါပြီ။

Heart Attack ဖြစ်မလာအောင် အကောင်းဆုံးတားဆီးရမယ့် နည်းလမ်းကတော့ လူနေမှုပုံစံကို ပြောင်းလဲလိုက်ပြီး ကျန်းမာအောင်နေထိုင်ဖို့ပါပဲ။

ဘယ်လိုတွေ ပြောင်းလဲနေထိုင်ကြမလဲ

ဆေးလိပ်ဖြတ်ပါ – ဆေးလိပ်သောက်တတ်တယ်ဆိုရင် ဖြတ်လိုက်တာကောင်းပါတယ်။ နှလုံးရောဂါရှိနေသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဆေးလိပ်မသောက်သုံးဖို့ တိုက်တွန်းချင်ပါတယ်။

အာဟာရမျှတပါစေ – ကျန်းမာရေးနဲ့ညီညွတ်အောင် အစာအာဟာရကို မှီဝဲပေးတာက Heart Attack မဖြစ်ဖို့ တားဆီးရာမှာ အရေးပါတဲ့ လုပ်ဆောင်ချက်တစ်ခုပါ။ အထူးသဖြင့် သွေးတွင်းမှ ကိုလက်စထရော မများအောင်၊ သွေးမတိုးအောင်၊ ကိုယ်အလေးချိန်မများအောင် သေချာဂရိုစိုက်စားသုံးဖို့ လိုပါတယ်။

ကိုလက်စထရောကို သတိထားပါ – သွေးတွင်းမှာ ကိုလက်စထရောများမနေအောင် ဂရုစိုက်ရပါမယ်။ သွေးထဲမှာ ကိုလက်စထရောတွေများပြီး အဆီတွေပြည့်လာရင် သွေးကြောတွေကျဉ်းမြောင်းလာပြီး နှလုံးကိုထိခိုက်စေမှာပါ။

သွေးဖိအားမလျော့နည်းစေဖို့လည်း သတိထားပါ – သွေးဖိအားလျော့နည်းတာကလည်း နှလုံးဝေဒနာရှင်တွေအတွက် ကောင်းမွန်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒါကြောင့် သွေးခုန်နှုန်းကိုလည်း မပြတ်စစ်ဆေးနေဖို့လိုမှာပါ။ ပုံမှန်အားဖြင့် ၁၂၀/၈၀ အကြားမှာရှိနေအောင် သတိထားပေးဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ – ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက ကိုယ်အလေးချိန်ကို လျှော့ချကျစေရုံတင် မဟုတ်ပါဘူး။ ရုပ်ပိုင်း၊ စိတ်ပိုင်းကျန်းမာသန်စွမ်းစေဖို့ အထောက်အကူဖြစ်စေပါတယ်။

ကိုယ်အလေးချိန် လျှော့ချပါ – ကိုယ်အလေးချိန်ကို BMI ချိန်ညှိပြီး ကိုယ့်ရဲ့ အသက်အရွယ်၊ အရပ်အမောင်းတွေနဲ့ ကိုက်ညီတဲ့ အလေးချိန်မျိုးမှာရှိနေအောင် ချိန်ညှိနေထိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုမဟုတ်ပဲ ကိုယ်အလေးချိန် မြင့်မားလွန်းနေမယ်ဆိုရင် နှလုံးအပြင် သွေးတိုးနဲ့ ဆီးချိုပြဿနာတွေကိုပါ ရင်ဆိုင်လာရနိုင်ပါတယ်။

ဆီးချိုကို ထိမ်းပါ – ကိုယ့်မှာ ဆီးချိုရှိနေတယ်ဆိုရင် ဆီးချိုဆောင့်မတက်အောင် သတိထားရပါမယ်။ အသက် ၆၅ နှစ်အထက် နှလုံးရောဂါသည်အများစုရဲ့ သေဆုံးမှု ၁၆ % ဟာ ဆီးချိုရောဂါနဲ့ ဆက်စပ်နေတတ်ပါတယ်။ ဆီးချိုနဲ့ နှလုံးဟာ ဆက်စပ်နေတဲ့ရောဂါတွေဖြစ်ပြီး အဝလွန်တာ၊ ကိုလက်စထရောများတာ၊ ဆေးလိပ်သောက်သုံးတာ၊ ကိုယ်လက်လှုပ်ရှားမှု မလုပ်တာတွေကြောင့် ပိုဆိုးလေ့ရှိပါတယ်။

စိတ်ဖိစီးမှုကို လျှော့ချပါ – စိတ်ဖိစီးမှုဟာ Heart Attack ဖြစ်စေနိုင်တဲ့ ပြဿနာတွေက တစ်ခုပါ။ နေ့စဉ်လူနေမှုဘဝမှာ ကြုံတွေ့နေရတဲ့ ပြဿနာအရပ်ရပ်ကြောင့် စိတ်ဖိစီးမှုဖြစ်လာနိုင်ပြီး နှလုံးကိုလည်း ထိခိုက်နိုင်ပါတယ်။

အသောက်အစားကို လျှော့ပါ – အရက်၊ ဘီယာစတဲ့ အယ်လ်ကိုဟောပါဝင်တဲ့ အဖျော်ယမကာတွေကို ဖြတ်လိုက်သင့်ပါတယ်။ ကြိုက်လွန်းလို့ မှီဝဲမယ်ဆိုရင်တောင်မှ အလွန်နည်းပါးတဲ့ ပမာဏမျိုးပဲဖြစ်သင့်ပါတယ်။ အရက်သေစာသောက်စားမှုဟာ နှလုံးအတွက် ကောင်းကျိုးဘာမှ ယူဆောင်မလာတာကြောင့်ပါပဲ။

အထက်မှာဖော်ပြထားတဲ့ အချက်တွေကို လိုက်နာပြီး လူနေမှုပုံစံကို ပြောင်းလဲနေထိုင်မယ်ဆိုရင် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမှာဖြစ်ပြီးတော့ Heart Attack ဖြစ်မယ့်ရန်ကိုလည်း ကာကွယ်နိုင်မှာပါ။

နှလုံးရောဂါဟာ အန္တရာယ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ခုဖြစ်ပေမယ့် စနစ်တကျကျန်းမာစွာ နေထိုင်ခြင်းဖြင့် ရောဂါကိုတွန်းလှန်နိုင်တာကို မမေ့ပါနဲ့။

Ref : hellsoayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Ye Zon Aung

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top