အသက်ရှုရခက်ခဲတာကို ဖြေရှင်းကြမယ်

28-6-2021-yyl-57.jpg

အသက်ရှုရခက်ခဲခြင်းနဲ့ အသက်ရှုကြပ်ခြင်းဆိုတာက နာတာရှည်ရောဂါသည်တွေမှာ ဖြစ်ပွားနိုင်သလို သာမာန်ရာသီ အကူးအပြောင်းအချိန်တွေမှာ ဖြစ်ပွားတတ်တဲ့ တုပ်ကွေးရောဂါတွေကြောင့်လည်း အသက်ရှုရခက်ခဲခြင်းနဲ့အသက်ရှုကြပ်ခြင်း ပြဿနာကို ကြုံတွေ့နိုင်ပါတယ်။ အခုဆိုရင် တစ်ကမ္ဘာလုံးမှာရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိုဗစ်ရောဂါဟာဆိုရင်လည်း ကိုဗစ်ရောဂါခံစားနေရသူ(သို့မဟုတ်) ရောဂါသက်သာပျောက်ကင်းသွားပြီးနောက် အသက်ရှုရခက်ခဲခြင်းနဲ့ အသက်ရှုကြပ်ခြင်းလက္ခဏာမျိုးတွေခံစားရတတ်ပါတယ်။

သက်သာစေနိုင်မယ့်နည်းလမ်းများ

  • သက်သောင့်သက်သာထိုင်ပါ။
  • မိမိရဲ့လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်ပြီး တခြားလက်တစ်ဖက်ကို ဗိုက်ပေါ်မှာတင်ထားပါ။
  • နှာခေါင်း(သို့မဟုတ်) ပါးစပ် (နှာခေါင်းနဲ့ရှုသွင်းလို့မရပါက) က တစ်ဆင့် ဖြည်းဖြည်းရှုသွင်းပါ။ အဲ့ဒီနောက် ပါးစပ်ကတစ်ဆင့် ရှုထုတ်ပါ။
  • ရှုသွင်းလိုက်တဲ့အခါ ဝမ်းဗိုက်ပေါ်က မိမိရဲ့လက်ဟာ ရင်ဘတ်ပေါ်မှာရှိတဲ့လက်ထက် ပိုမြင့်လာတာကို ခံစားရပါလိမ့်မယ်။
  • တတ်နိုင်သမျှ အားအနည်းငယ်စိုက်ထုတ်ခြင်းက အသက်ရှုခြင်းကို နှေးလာစေပြီး သက်သောင့်သက်သာနဲ့ ချောမွေ့စွာ အသက်ရှုနိုင်ရန် ကြိုးစားပါ။

သက်သာစေနိုင်မယ့် အနေအထားများ

  • ခေါင်းကိုမြှင့်ထားပြီး ဘေးစောင်းလဲလျောင်းပါ။

မိမိရဲ့ခေါင်းနဲ့လည်းပင်းကို ခေါင်းအုံတွေပေါ်တင်ကာ ဘေးစောင်းလဲလျောင်းပြီး ဒူးခေါင်းကို အနည်းငယ်ကွေးထားပါ။

  • ထိုင်နေစဉ် ရှေ့ကိုကိုင်းပြီး စားပွဲပေါ်မှာ ခေါင်းကို လဲလျောင်းပါ။

ထိုင်ခုန်ပေါ်ထိုင်ပြီး ခါးကိုရှေ့ကိုင်ကာ မိမိရဲ့ခေါင်းနဲ့လည်ပင်းကို ခေါင်းအုံးတွေပေါ်မှာ တင်ပြီး အနားယူပါ လက်တွေကို စားပွဲပေါ်မှာတင်ထားပါ။

  • ရှေ့ကိုကိုင်းပြီး မတ်တပ်ရပါ။

မတ်တပ်ရပ်နေစဉ် ပြတင်းပေါက်(သို့မဟုတ်) တည်ငြိမ်တဲ့ မျက်နှာပြင်တစ်ခုခုပေါ် ရှေ့ကို ကိုင်ပြီးမှီထားပါ။

  • နောက်ကျောမှီပြီး မတ်တပ်ရပ်ပါ။

နောက်ကျောကိုနံရံမှာမှီးပြီး လက်နှစ်ဖက်ကို မိမိရဲ့နံရံဘေးမှာ ချထားပါ။ ခြေထောက်တွေကို နံရံနဲ့ ခြေတစ်ပြားစာ အကွာအဝေးထားပြီး အနည်းငယ်ခြားထားပါ။ အသက်ရှုရခက်ခဲခြင်းနဲ့ အသက်ရှုကြပ်ခြင်းတွေကိုကြုံတွေရတဲ့အခါ အထက်မှာ ပြောပြထားတဲ့ နည်းလမ်းတွေကို လုပ်ကြည့်ပြီးပေမယ့် မသက်သာဘဲ ပြင်းထန်စွာ အသက်ရှုရခက်ခဲခြင်းနဲ့ အသက်ရှုကြပ်ခြင်းပြဿနာတွေကို ကြုံတွေ့ရပါက နီးစပ်ရာကျန်းမာရေးဌာနကို အမြန်ဆုံးသွားရောက်ပြီး ကုသမှုခံယူသင့်ပါတယ်။

Photo- Internet
Source- World Health Organization
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top