မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အနေဖြင့် အကျဉ်းသူ/သားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေး
မြန်မာနှစ်သစ်ကူးအခါသမယအထိမ်းအမှတ်အနေနဲ့ နိုင်ငံသူနိုင်ငံသားတွေစိတ်နှလုံးအေးချမ်းစေဖို့နဲ့ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ အကျဉ်းထောင်/စခန်းအသီးသီးက နိုင်ငံသားအကျဉ်းသား/သူ (၆၉၄၈) ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန် ကြေညာလိုက်ပါတယ်။ လွှတ်သင့်လွှတ်ထိုက်သူတွေကို ဆက်လက်စိစစ်ပြီး…