မီးဖွားပြီး မိနစ် (၃၀) အကြာမှာ စာမေးပွဲဖြေဆိုခဲ့တဲ့ အီသီယိုးပီးယားအမျိုးသမီး
အီသီယိုးပီးယားနိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ မီးဖွားပြီး နာရီဝက်အကြာမှာပဲ ဆေးရုံခုတင်ပေါ်မှာ စာမေးပွဲဖြေဆိုခဲ့ပါတယ်။ အသက် (၂၁) နှစ်ရှိတဲ့ ဒီရီဆီဟာ အီသီယိုးပီးယားနိုင်ငံအနောက်ပိုင်း မီတူမြို့မှာ နေထိုင်သူပါ။ ဒီရီဆီက မီးမဖွားခင် စာမေးပွဲဖြေရမယ်လို့ ထင်ထားပေမဲ့ အစ္စလာမ်ဥပုသ်လကြောင့် အလယ်တန်းစာမေးပွဲတွေကို ရွှေ့ဆိုင်းခဲ့လို့…