မီးဖွားပြီး မိနစ် (၃၀) အကြာမှာ စာမေးပွဲဖြေဆိုခဲ့တဲ့ အီသီယိုးပီးယားအမျိုးသမီး

62560989_2427729790591260_8073724766206296064_n.jpg

အီသီယိုးပီးယားနိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ မီးဖွားပြီး နာရီဝက်အကြာမှာပဲ ဆေးရုံခုတင်ပေါ်မှာ စာမေးပွဲဖြေဆိုခဲ့ပါတယ်။ အသက် (၂၁) နှစ်ရှိတဲ့ ဒီရီဆီဟာ အီသီယိုးပီးယားနိုင်ငံအနောက်ပိုင်း မီတူမြို့မှာ နေထိုင်သူပါ။ ဒီရီဆီက မီးမဖွားခင် စာမေးပွဲဖြေရမယ်လို့ ထင်ထားပေမဲ့ အစ္စလာမ်ဥပုသ်လကြောင့် အလယ်တန်းစာမေးပွဲတွေကို ရွှေ့ဆိုင်းခဲ့လို့ မီးဖွားတဲ့နေ့နဲ့ စာမေးပွဲဖြေရမယ့်နေ့ တိုက်ဆိုင်သွားတာပါ။

အလယ်တန်းပညာရေး ပြီးဆုံးဖို့ နောက်တစ်နှစ်မစောင့်ချင်တဲ့ ဒီရီဆီက စာမေးပွဲဖြေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့တနင်္လာနေ့က အင်္ဂလိပ်ဘာသာ၊ အမ်ဟာရစ်ဘာသာနဲ့ သင်္ချာဘာသာ စာမေးပွဲတွေကို ဆေးရုံမှာ ဖြေခဲ့ပြီး နောက်နှစ်ရက်မှာတော့ စာမေးပွဲခန်းကိုသွားပြီး လက်ကျန်ဘာသာရပ်တွေ ဖြေဆိုခဲ့ပါတယ်။ အီသီယိုးပီးယားနိုင်ငံမှာ နေထိုင်တဲ့ အမျိုးသမီးတွေဟာ ပုံမှန်အားဖြင့် အလယ်တန်းအဆင့်နဲ့ ကျောင်းထွက်ရလေ့ရှိပြီး တချို့တွေကတော့ နောက်မှ ပညာဆက်သင်လေ့ရှိပါတယ်။ ဒီရီဆီကတော့ နောက်ထပ် (၂) နှစ် ကျောင်းဆက်တက်ပြီး တက္ကသိုလ်တက်နိုင်အောင် ကြိုးစားသွားမယ်လို့ ပြောပါတယ်။ သူ့အတွက်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ စာကျက်ရတာ ပြဿနာမရှိပါဘူးလို့ ဒီရီဆီက ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top