သမိုင်းဝင်အခိုက်အတန့်ကို ပထမဆုံး ဖြတ်သန်းမိခဲ့တဲ့ လမ်းဘေးခွေးလေး
ရိုမေးနီးယားနိုင်ငံက အီးယူရဲ့ ဗီဇာကင်းလွတ်ခွင့်ရ ရှန်ဂန်ဒေသထဲ ဝင်ရောက်ခဲ့ပြီးနောက် ဟန်ဂေရီနဲ့ နယ်စပ်စစ်ဆေးရေးဂိတ် စတင်ဖွင့်လှစ်ပြီးချိန်မှာ ပထမဆုံး ဖြတ်သန်းခဲ့တာကတော့ ခွေးတစ်ကောင် ဖြစ်နေခဲ့ပါတယ်။ သမိုင်းဝင်အခိုက်အတန့်မှာ မယောင်မလည်နဲ့ နယ်စပ်ဖြတ်ကျော်ခဲ့တဲ့ လမ်းဘေးခွေးတစ်ကောင်ကို နယ်စပ်စစ်ဆေးရေး တာဝန်ကျ ရဲအရာရှိတွေက လက်ခုပ်သြဘာပေးခဲ့ကြပြီး…