သန္တာကောင်တွေရဲ့အစာကို ဆွဲဆောင်နိုင်တဲ့ အလင်းရောင်နည်းပညာသစ်ကို သိပ္ပံပညာရှင်တွေ စမ်းသပ်နေ
သန္တာကောင်တွေရဲ့အစာဖြစ်တဲ့ အဏုဇီဝပိုးမွှားငယ်တွေကို ဆွဲဆောင်နိုင်ဖို့ အိုဟိုင်းယိုးပြည်နယ်မှ သိပ္ပံပညာရှင်တွေက အထူးဖန်တီးထားတဲ့ အလင်းတစ်မျိုးကို စမ်းသပ်အသုံးပြုလျက် ရှိပါတယ်။ သန္တာကျောက်တန်းတွေ ပြန်လည်အားကောင်းလာစေရေး စီမံကိန်းအတွက် အဲဒီနည်းပညာသစ်ကို ဟာဝိုင်အီအခြေစိုက် သန္တာကျောက်တန်းများ ပြန်လည်အားကောင်းလာရေးဖောင်ဒေးရှင်း(Coral Restoration Foundation)ရဲ့ အကူအညီနဲ့ စမ်းသပ်ခဲ့တာပါ။…