ကမ္ဘာ့သက်တမ်းအရင့်ဆုံး အရာဝတ္တုတစ်ခုကို သိပ္ပံပညာရှင်တွေ တွေ့ရှိ

yyl-053-1.jpg

ဥက္ကာခဲတစ်ခဲကို ခွဲခြမ်းစိတ်ဖြာနေတဲ့ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ အရာဝတ္တုတွေက သက်တမ်းအရင့်ဆုံး အရာဝတ္တုတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ၁၉၆၉ ခုနှစ်က ကမ္ဘာပေါ်ကို ကျလာတဲ့ ဥက္ကာပျံထဲကနေ နှစ်သက်တမ်း ၇.၅ ဘီလျံရှိတဲ့ ရွံ့ခဲတွေ တွေ့ရှိခဲ့ပါတယ်။ ရှေးအကျဆုံး ရွှံ့ခဲတွေဟာ ကြယ်တွေထဲမှာ ဖြစ်တည်ခဲ့တာပါ။ အဲဒီကြယ်တွေဟာ လူသားတွေရဲ့ နေစကြဝဠာ မဖြစ်တည်ခင်ကတည်းက အာကာသထဲမှာ လှည့်လည်နေခဲ့တာပါ။

ကြယ်တွေကြွယ်သွားတဲ့အခါ ကြယ်တွေထဲမှာဖြစ်တည်နေတဲ့ အမှုန်တွေက အာကာသထဲ လွှင့်စင်ထွက်ခဲ့ပါတယ်။ နေစကြဝဠာမတိုင်ခင်ကတည်းက ဖြစ်တည်နေတဲ့ ရွံ့ခဲတွေဟာ ကြယ်အသစ်တွေ၊ ဂြိုဟ်တွေ၊ လတွေနဲ့ ဥက္ကာခဲတွေနဲ့ ထပ်ပြီး ပေါင်းစည်းသွားကြပါတယ်။ အမေရိကန်နဲ့ ဆွစ်ဇာလန်နိုင်ငံက သုတေသီအဖွဲ့ဟာ မာချီဆန်ဥက္ကာခဲအစိတ်အပိုင်းထဲမှာ ပါဝင်တဲ့ ရွံ့ခဲ ၄၀ ကို ခွဲခြမ်းစိတ်ဖြာခဲ့ကြပါတယ်။ သိပ္ပံပညာရှင်တွေဟာ ရွံ့ခဲတွေက အာကာသထဲမှာ Cosmic Ray တွေနဲ့ ဘယ်လောက်ကြာကြာ ထိတွေ့ခဲ့လဲဆိုတာကို တိုင်းတာပြီး ရွံ့ခဲတွေရဲ့သက်တမ်းကို တွက်ချက်ခဲ့ကြတာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top