တစ်ယောက်တည်းနေတဲ့ သမီးဖြစ်သူ စိတ်လုံခြုံစေဖို့ တစ်အိမ်လုံးအနှံ့ ပလတ်စတစ် စစ်သားရုပ်လေးတွေ ဝှက်ထားပေးခဲ့တဲ့ ဖခင်
သမီးဖြစ်သူ မာရစ်ဆာ (Marissa) တစ်ယောက်တည်း နေတဲ့အချိန်မှာ ” စိတ်လုံခြုံစေဖို့” ဆိုပြီး ဖခင်က သူ့သမီးအိမ်မှာ ပလတ်စတစ် စစ်သားရုပ် သေးသေးလေးတွေ လိုက်ဝှက်ထားလေ့ရှိပါတယ်။ တီဗွီနောက်မှာ… ဗီဒိုထဲမှာ… ပုံမှန်အားဖြင့် ဘယ်သူမှ သတိမထားမိတဲ့ နေရာမျိုးတွေမှာ…

