မူးမေ့လဲကျသွားတဲ့ Grab rider ကိုယ်စား ထိုင်းရဲအရာရှိက အော်ဒါတွေ လိုက်ပို့ပေးခဲ့

23.4.2023-yyl-iamge-1.jpg

ထိုင်းနိုင်ငံမှာ အစားအစာတွေ လိုက်ပို့တဲ့ Grab rider တစ်ယောက် မူးမေ့လဲကျပြီး ဆိုင်ကယ်မှောက်သွားတယ်။ အသက် ၄၅ နှစ်အရွယ်ရှိတဲ့ အဲဒီအမျိုးသားက ၁၄ နှစ်အရွယ် သမီးလေးကိုပါ ခေါ်လာခဲ့တာပါ။ ဆိုင်ကယ်မှောက်လို့ သူ ဒဏ်ရာရခဲ့ပေမဲ့ သမီးလေးကတော့ ထိခိုက်ဒဏ်ရာ မရခဲ့ဘူး။

ဆိုင်ကယ်မှောက်တဲ့နေရာကို ကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာတယ်။ အော်ဒါတွေ အချိန်မီ မပို့နိုင်ရင် ပို့ခမရတဲ့အပြင် အတိုင်ခံရမှာကို သမီးဖြစ်သူက စိုးရိမ်ပူပန်နေတယ်။ ဒါကို သတိထားမိသွားတဲ့ ရဲအရာရှိ ဆိုင်ချာရွန်က မိန်းကလေးငယ်ကို သူ့ဖခင်နဲ့ ဆေးရုံလိုက်သွားခိုင်းပြီး အော်ဒါတွေ ပို့ပေးရမယ့်လိပ်စာတွေ တောင်းတယ်။ ပြီးတော့ အဲဒီအော်ဒါတွေကို သူကိုယ်တိုင် လိုက်ပို့ပေးခဲ့တယ်။

Grab rider ဟာ အိပ်ရေးပျက်တာများပြီး အပူချိန် မြင့်မားလွန်းလို့ မူးမေ့လဲကျသွားတာလို့ ဆိုကြပါတယ်။ အကြင်နာ ရှေ့ထားတဲ့ ဆိုင်ချာရွန်ရဲ့ လုပ်ရပ်ကတော့ ထိုင်းပြည်သူတွေအတွက် သာဓုခေါ်စရာ ဖြစ်ခဲ့တယ်။ ထိုင်းနိုင်ငံမှာ ဒီလို အကြင်နာတရားကြီးမားတဲ့ ရဲအရာရှိတွေ များများလိုအပ်တယ်လို့ တချို့တွေက ဖေ့ဘွတ်ခ်မှာ ရေးသားခဲ့တယ်။ ဒီဖြစ်ရပ်က ဧပြီလ ၁၉ ရက်မှာ ဖြစ်ခဲ့တာပါ။ ဆိုင်ချာရွန်ကတော့ ဘန်ကောက်မြို့ ချာနာဆောင်ခရမ်ရဲစခန်းက ရဲအရာရှိ ဖြစ်ပါတယ်။

Ref: Thai cop delivers Grab order for rider who crashes bike

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top