မဖြစ်မနေသွားသင့်တဲ့ မန္တလေးမြို့ရဲ့ Landmark မင်္ဂလာ မန္တလေး

landmarket-cover.jpg

ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့အတူတူ အပန်းဖြေလည်ပတ်နိုင်ပြီး၊ အိမ်အတွက်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ လူကြီး လူငယ်မရွေး အကြိုက် တွေ့စေမယ့် အဝတ်အစားဒီဇိုင်းဆန်းတွေ၊ အရသာရှိရှိ စားလို့ကောင်းတဲ့ စားသောက်ဆိုင်ခန်းလေးတွေ အစုံအလင်ရှိတာကြောင့် မင်္ဂလာ မန္တလေးကို မရောက်ဖြစ်ခဲ့ရင်တော့ သေချာပေါက် နောင်တရနေမှာပါနော်။

ဒါ့ပြင် မင်္ဂလာမန္တလေး အနီးပတ်ဝန်းကျင်မှာတော့ ခေတ်မီလှပပြီး ပြီးပြည်စုံတဲ့နေထိုင်မှုနဲ့ နေထိုင်လိုသော လူကြီးမင်းတွေ အားလုံးအတွက် Mingalar Condo, Mingalar Villa, ငုရွှေဝါအိမ်ရာ တွေက ကောင်းမွန်လှတဲ့ ပတ်ဝန်းကျင်မှာ တည်ရှိပြီး လူကြီးမင်းတို့ကို လုံခြုံမှု အပြည့်အဝ ရရှိစေမှာလည်း ဖြစ်ပါ တယ်။ ဒါတင် မကသေးပါဘူး။ ကျန်းမာရေးအတွက် ပြည်ပသို့ ငွေကြေးအကုန်ကျခံကာ သွားရောက်စစ်ဆေးစရာမလိုအောင် စင်ကာပူနဲ့ ဘန်ကောက်တွေ က နိုင်ငံတကာအဆင့်မှီ Health Care Centre လည်း မင်္ဂလာမန္တလေးမှာ လာရောက် ဖွင့်လှစ်ထားပါတယ်။ ငွေကြေးဆိုင်ရာ ကိစ္စရပ် တွေကို အလွယ်တကူ ဖြေရှင်းဆောင်ရွက်ပေးနိုင်မယ့် Bank တွေလည်းဖွင့်လှစ်ထားသလို စီးပွားရေး လုပ်ကိုင်လိုသူတွေနဲ့ ငွေကြေးအခက်အခဲ ရှိသူတွေ အတွက် အသေးစား ငွေချေး လုပ်ငန်းတွေလည်း ထားရှိထားပါတယ်။

သားသားမီးမီးတွေရဲ့ဉာဏ်ရည်ဉာဏ်သွေးကို ငယ်စဉ်ကတည်းက ဖွံ့ဖြိုးတိုးတက်အောင် စနစ်တကျ သင်ကြားထိန်းကြောင်းပေးမယ့် မူကြိုကိုလည်း ဖွင့်လှစ်ထားပါတယ်။ စာပေသင်ကြားပို့ချပေးတဲ့အပြင် သားသားမီးမီးတွေ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနိုင်မယ့် ကစားကွင်းတွေလည်း ပါရှိပါတယ်။
မင်္ဂလာမန္တလေးဟာ မန္တလေးမြို့ရဲ့ သွားလာရလွယ်ကူတဲ့ နေရာမှာ တည်ဆောက်ထားရုံသာမက လာရောက်လာလည်ပတ်ကြတဲ့ လူကြီးမင်းတွေရဲ့ ယာဉ်ကြီး၊ ယာဉ်ငယ်အတွက် Car Parking နေရာတွေလည်း ကျယ်ကျယ်ဝန်းဝန်းထားရှိပေးထားပါတယ်။ ဒီလို အချက်အလက်တွေအပြင် မဖြစ်မနေသွား သင့်တဲ့ မန္တလေးမြို့ရဲ့ Landmark မင်္ဂလာ မန္တလေး ရဲ့ အားသာချက်တွေကိုလည်း ဆက်ပြီး ဖော်ပြပေးဦးမယ်နော်။

စီးပွားရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် မိတ်ဆက်ကြော်ငြာနိုင်တဲ့ Promotion area ရှိခြင်း

လူအစည်းကားဆုံး နေရာတွေမှာ မိမိကုန်ပစ္စည်း အမှတ်တံဆိပ် အကြောင်းကို မိတ်ဆက်ကြော်ငြာတာက လူကြီးမင်းတို့ရဲ့ လုပ်ငန်းတွေကို အချိန်တိုအတွင်း လူသိများစေပြီး၊ ရောင်းအားကို နှစ်ဆမြှင့်တင်ပေးနိုင်ပါတယ်။အခြားသော နေရာတွေမှာ ကြော်ငြာခြင်းထက် အခုလိုလူစည်ကားေနေရာတွေမှာ ကြော်ငြာ တာက ဝယ်ယူသူနဲ့ ရင်းနှီးမှုရရှိစေပြီး မိမိကုန်ပစ္စည်းအပေါ် ယုံကြည်မှုလည်း ရှိလာမှာ ဖြစ်ပါတယ်။

နိုင်ငံတကာသင်ရိုးညွှန်းတမ်းများကို သင်ကြားနိုင်သော သင်တန်းများ တက်ရောက်လေ့လာနိုင်ခြင်း

တက္ကသိုလ် ဝင်တန်းအောင်မြင်ပြီးတဲ့ လူငယ်တွေနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူတွေ အတွက် ဘာသာရပ်မျိုးစုံကို စနစ်တကျ သင်ကြားပေး နေတဲ့နိုင်ငံတကာ အဆင့်မီ သင်တန်းတွေဖြစ်တဲ့ Strategy First, London Business Centre စတဲ့ သင်တန်းကျောင်းတွေကိုလည်း မင်္ဂလာ မန္တလေးမှာ ဖွင့်လှစ်ထားပါတယ်။

လူအစည်းကားဆုံးလမ်းများ

မင်္ဂလာ မန္တလေးမှာ လူစည်းကားတဲ့နေရာများပြီး စီးပွားရေး လုပ်ငန်းတွေကြော်ငြာရန်၊ ကုန်ပစ္စည်းတွေအတွက် Promotion ပွဲတွေပြုလုပ်ရန်နဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူူတူ အပန်းဖြေလည်ပတ်နိုင်တဲ့ Art Street, Flower Street, Wood Street, Star light Street, Water Street တွေဟာ မင်္ဂလာ မန္တလေးရဲ့ အထင်ကရေနေရာတွေဖြစ်ပါတယ်။

Shop House များငှားရမ်း၊ ဝယ်ယူပြီး ကုန်ပစ္စည်းများ ရောင်းချနိုင်ခြင်း

မန္တလေးမြို့ရဲ့ ပိတ်ရက်မရှိ လူအစည်ကားဆုံး မင်္ဂလာ မန္တလေး Shop House တွေမှာ လူကြီးမင်းတို့ရဲ့ကုန်ပစ္စည်းတွေကို ခင်းကျင်းပြသပြီး ရောင်းချမယ် ဆိုရင် အချိန်ခဏအတွင်း ရောင်းအားတက်တဲ့အကျိုးကိုလည်း ခံစားရရှိမှာဖြစ်ပါတယ်။

မြန်မာ့ရိုးရာ မုန့်ဈေးတန်းနှင့် မြန်မာ့ရိုးရာ ဖျော်ဖြေရေး အစီအစဉ်

မြန်မာရှိးရာယဉ်ကျေးမှုနဲ့အညီ ဆိုင်ခန်းတွေကို မြန်မာမူအရသာခံစားရရှိနိုင်ပြီး မြန်မာ့ရိုးရာမုန့်မျိုးစုံနဲ့ အပတ်စဉ်သောကြာ စနေ တနင်္ဂနွေနေ့တွေမှာ မြန်မာတူရိယာဖျော်ဖြေရေးအစီအစဉ်တွေရှိတဲ့ အတွက်ကြောင့် မင်္ဂလာမန္တလေးက မန္တလေးမြို့ကို ရောက်ရင် မဖြစ်မနေသွားသင့်တဲ့ အထင်ကရနေရာ တစ်ခုဖြစ်ပါတယ်။ မြန်မာ့ဓလေ့ မြန်မာ့ရိုးရာ အရသာစစ်စစ် မြန်မာမုန့်မျိုးစုံကို တစ်နေရာထဲမှာ ဝယ်ယူစားသုံးနိုင်မယ့် မြန်မာ့ရိုးရာမုန့်ဈေးတန်းလေးကို မင်္ဂလာမန္တလေးမှာ လူကြီးမင်းတို့အတွက် ရောင်းချပေးလျက်ရှိပါတယ်။ မင်္ဂလာ မန္တလေးရဲ့ Lotus Street မှာ မြန်မာမုန့်မျိုးစုံကို ညနေ ၃ နာရီမှ ည ၉နာရီထိ ဆိုင်ခန်းလေးတွေ ထပ်မံတိုးချဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး မြန်မာ မုန့်မျိုးစုံကို တစ်နေရာထဲမှာ ပိုပြီးစုံစုံလင်လင် အရသာရှိရှိ သုံးဆောင် နိုင်မှာဖြစ်ပါတယ်။ ဒ့ါအပြင် မြန်မာ့ရိုးရာ ဖျော်ဖြေရေး အစီအစဉ်တွေဖြစ်တဲ့ မြန်မာအက၊ စောင်းတူရိယာ၊ ရုပ်သေးရုပ်အကနဲ့ ခြင်းလုံးအကအလှ အစီအစဉ်တွေကိုလည်း အပတ်စဉ်သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တေမှာ ညနေ ၆နာရီခွဲမှ ည၉နာရီထိ ကျင်းပဖျော်ဖြေပေးသွားဦးမှာဖြစ်ပါတယ်။

မန္တလေးမြို့ရဲ့ အထင်ကရနေရာမှာတည်ရှိတဲ့ မင်္ဂလာမန္တလေးဟာ လူကြီးမင်းတို့ရဲ့လိုအပ်ချက်အားလုံးကို အလွယ်ကူဆုံး ဖြည့်ဆည်းရရှိနိုင်တာကြောင့် မန္တလေးမြို့သို့ လာရောက်လည်ပတ်ရင် မင်္ဂလာမန္တလေးကို ရောက်ဖြစ်မှသာ လူကြီးမင်းတို့ရဲ့ပျော်ရွှင်မှု အရသာအစစ်အမှန်ကိုရရှိမှာဖြစ်ပါတယ်။

ရိုးရာလေးစာဖတ်ပရိသတ်တွေလည်း မန္တလေးရောက်ဖြစ်ရင် မင်္ဂလာမန္တလေးကို သွားဖြစ်အောင်သွားခဲ့ကြဦးနော်..။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top