ရန်ကုန်မြို့ရဲ့ ပထမဆုံးသော ဈေးဝယ်လျှောက်လမ်း စတင်ဖွင့်လှစ်

yyl-22-024.jpg

ရန်ကုန်မြို့ရဲ့ ပထမဦးဆုံးသော ဈေးဝယ်လျှောက်လမ်းဖြစ်တဲ့ The Central Boulevard ကို အောက်တိုဘာ ၂၂ ရက်ကနေ စတင်ပြီး တရားဝင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ အဲဒီဈေးဝယ်လျှောက်လမ်းဟာ ကမ္ဘာအေးဘုရားလမ်းနဲ့ ကန်ဘဲ့လမ်းထောင့်၊ အင်းယားကန်ဘေးမှာ တည်ရှိတဲ့ ကမ္ဘာ့အဆင့်မီ ဘက်စုံသုံး အိမ်ရာစီမံကိန်းတစ်ခုဖြစ်တဲ့ The Central ရဲ့ အောက် ကပ်လျက်မှာ တည်ရှိတာ ဖြစ်ပါတယ်။

”အနီးပတ်ဝန်းကျင်မှာရှိတဲ့ နေထိုင်သူတွေရဲ့ လူနေမှုအဆင့်အတန်းတွေ ပိုမိုမြင့်မားလာဖို့အတွက် အခုလို စိတ်အပန်းဖြေမှု အပြည့်အဝရရှိစေမယ့် အပန်းဖြေနေရာတစ်ခုကို ဆောင်ရွက်ခဲ့တာဖြစ်တယ်”လို့ Marga Group ရဲ့ ဒါရိုက်တာဖြစ်သူ Mr.John Bames က ပြောပါတယ်။

အခုဖွင့်လှစ်တဲ့ ဈေးဝယ်လမ်းလျှောက်လမ်းမှာ စားသောက်ဆိုင်တွေ၊ အလှအပနဲ့ ကျန်းမာရေးကို အထူးပြုတဲ့ စင်တာတွေ၊ အဝတ်အစားဖက်ရှင်ဆိုင်တွေနဲ့ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းတွေ စတဲ့ အမျိုးအစား စုံလင်တဲ့ ဝန်ဆောင်မှုများစွာ ပါဝင်ပါတယ်။

The Central Boulevard မှာ ပြည်တွင်းနဲ့ နိုင်ငံတကာက နာမည်ကျော်ဆိုင်များစွာ လာရောက်ဖွင့်လှစ် ထားပြီး နေရာကျယ်ဝန်းတဲ့ ပြပွဲပြုလုပ်စရာ နေရာ၊ မြန်မာနိုင်ငံရဲ့ ပထမဆုံး ရေပန်းအမျိုးအစားဖြစ်တဲ့ သီချင်း သံစဉ်အလိုက် ရောင်စုံမီးများဖြင့် ကခုန်လှုပ်ရှားနေမယ့် ရေပန်းလည်း ပါဝင်သွားမှာ ဖြစ်ပါတယ်။

The Central ဟာ Marga Landmark ကနေ တာဝန်ယူတည်ဆောက်နေတဲ့ ကမ္ဘာ့အဆင့်မီ ဘက်စုံသုံး အိမ်ရာစီမံကိန်းတစ်ခုဖြစ်ပြီး ဒီစီမံကိန်းမှာ အခုလို ရန်ကုန်မြို့ရဲ့ ပထမဆုံးသော နိုင်ငံတကာဈေးဝယ် လျှောက်လမ်းကို ထည့်သွင်းတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top