တို့လူငယ် ကုသိုလ်ဖြစ်ဆေးခန်းကို စတင်တည်ထောင်ခဲ့ချိန်မှ ယနေ့အထိ လူနာများစွာကို အခမဲ့ဆေးကုသခြင်း၊အာဟာရကြွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယခု ၃ နှစ်ပြည့်ပါတော့မယ်။

18.1.24-yyl-7.jpg

ယခုအခါ လာရောက်ပြသသူ လူနာ ၁၂၀ ကျော်ရှိပြီး၊ သွားဘက်ဆိုင်ရာကုသသူ ၁၅ ဦးကျော်ရှိပါတယ်။ ဆေးဝါးများအနေဖြင့် ဆေးခန်းတစ်ကြိမ်ဖွင့်ရန်အတွက် ၈သိန်း မှ ၁၀ သိန်းကြားကုန်ကျပါတယ်၊ (ဆေးခန်းက ဆေးကောင်းဝါးကောင်းများကို လူနာလိုအပ်ချက်အရ ဆေးပါတ်လည်သည်အထိ ပေးပါတယ်။ စရိတ်မျှပေးစနစ်မဟုတ်ပါဘူး လူနာတစ်ပြားမှမကုန်ကျစေရန်တာဝန်ယူတာပါ)

အချို့နှလုံးရောဂါရှင်များနှင့် ဈေးကြီးသော ဆေးများသောက်ရသည့် လူနာများအတွက်လည်း အထူးကုန်ကျမှု ရှိသလို၊ အသေးစားခွဲစိတ်ခြင်းများအတွက်လည်း ကုန်ကျများပါတယ်။ သွားဘက်ဆိုင်ရာဘက်ကလည်း ထုံဆေးအပါအဝင် အချို့ ခွဲပြီးသွားနုတ်ရသူများအတွက် ပြန်ချုပ်ရခြင်းများအပါအဝင် ကုန်ကျမှု ရှိပါတယ်။ ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် လူတစ်ဦးလျှင် ၂ သောင်းအထက် ကုန်ကျပါတယ်။ ဒါကြောင့် စုစုပေါင်း လူနာ ၁၃၀ ကျော်အတွင် စီစဉ်ရတဲ့အခါ ဆေးခန်းတစ်ကြိမ်ဖွင့်ရပါက ကျပ် ၁၀ သိန်းအထက် ကုန်ကျပါတယ်။

ဆေးခန်းတစ်ကြိမ်အတွက် အမြဲတမ်းအလှူရှင်များမှ လှူဒါန်းငွေ ၄သိန်းဝန်းကျင်သာရှိပြီး ကျန်လိုအပ်ငွေကို Founderတစ်ဦးတည်းမှသာ တာဝန်ယူဆောင်ရွက်နေရပါတယ်။ဆေးခန်းကို မနိုင်မနင်းဖြစ်လာတဲ့အခါ လျောချတာ ၊ ပိတ်လိုက်တာမျိုး မလုပ်ချင်ပါဘူး၊ ဘာလို့လည်းဆိုတော့ လာရောက်ပြသသူတွေဟာ အခမဲ့ဆေးခန်းကို အားကိုးတစ်ကြီးရှိလှတဲ့သူတွေဖြစ်ပြီး ဆီးချို၊အပါအဝင် နာတာရှည်ရောဂါအတွက် ကုသနေရာသူတွေပါ။ Homeless အများစုဖြစ်ပြီး ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းအပေါ် သူ့တို့ရဲ့ ကျန်းမာရေးကို ပုံအပ်ထားရသူတွေဖြစ်လို့ ကြိုးစားပြီး အားရှိသလောက် ချီတက်နေပါကြောင်း တင်ပြရပါတယ်။

တို့လူငယ် ကုသိုလ်ဖြစ်ဆေးခန်း မြရည်နန္ဒာအိမ်ယာ
ဖုန်း. 09-259510398

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top