ကမ္ဘောဇဘဏ်မှ ပါရမီတက္ကသိုလ် ကျောင်းပရဝုဏ်သစ်အတွင်း နိုင်ငံတကာအဆင့်မီ ခန်းမဆောင်တစ်ခု ဆောက်လုပ်ရန် အမေရိကန်ဒေါ်လာ (၁) သန်း ပံ့ပိုးလှူဒါန်း

Artist-rendering-of-the-Auditorium-to-be-built-at-the-new-Parami-University-campus_Credit-to-KBZ-Bank.jpg

ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်
မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်မှ ၂၀၂၂ ခုနှစ်တွင် စတင်ဖွင့်လှစ်မည့် ပါရမီတက္ကသိုလ် ကျောင်းပရဝုဏ်သစ်အတွင်း နိုင်ငံတကာအဆင့်မီ ခန်းမဆောင်တစ်ခု ဆောက်လုပ်နိုင်ရန် ပါရမီ အနုဝိဇ္ဇာနှင့် သိပ္ပံပညာ ဖောင်ဒေးရှင်း (ပါရမီ ဖောင်ဒေးရှင်း) သို့ အမေရိကန်ဒေါ်လာ (၁) သန်း ပံ့ပိုး လှူဒါန်းမည်ဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ ထုတ်ပြန်ကြေညာလိုက်ပါသည်။ ကမ္ဘောဇဘဏ်၏ ယခုအကြိမ် လှူဒါန်းမှုသည် ပါရမီဖောင်ဒေးရှင်း သို့ အများဆုံးထည့်ဝင်လှူဒါန်းမှုများ အတွင်း တစ်ခုအပါအဝင်ဖြစ်ပြီး အဆင့်မြင့် ပညာရေး အင်စတီကျု့ စတင်တည်ထောင်ခဲ့သည့် ၂၀၁၇ ခုနှစ်မှ စတင်၍ အခြားပံ့ပိုးကူညီမှုများကိုလည်း ပြုလုပ်ပေးခဲ့ပါသည်။ ကမ္ဘောဇဘဏ်အနေဖြင့် မြန်မာ့နိုင်ငံ၏ အနာဂတ်ကို ပုံဖော်နိုင်မည့် အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်တစ်ရပ်ကို ခိုင်မာစွာ တည်ဆောက်နိုင်ရန် ပါဝင်ကူညီပံ့ပိုးသွားမည် ဖြစ်ပါသည်။ အဆိုပါ ကတိကဝတ်အတိုင်း ပါရမီတက္ကသိုလ်အနေဖြင့် ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအား အရည်အချင်း ပြည့်ဝသော အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးနိုင်မည်ဟု ယုံကြည်ထားပါသည်။

ပါရမီ ဖောင်ဒေးရှင်း လက်အောက်ရှိ ပါရမီအင်စတီကျု့သည် လက်ရှိ တွင် မြန်မာနိုင်ငံအနှံ့အပြားမှ လာရောက် ပညာသင်ကြားကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် သိပ္ပံ၊ အနုပညာနှင့် လူမှုရေးရာ ပညာရပ်များတွင် ဘက်စုံထူးချွန်စေရန် သင်ကြားပျိုးထောင်ပေး လျက်ရှိပါသည်။ ပါရမီအင်စတီကျု့မှသည် ပါရမီတက္ကသိုလ်အဖြစ် ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်တွင်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူ အရေအတွက် ပိုမို လက်ခံသင်ကြားပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်မှ စတင်၍ ဆောက်လုပ်ရေးလုပ်ငန်းများ စတင်သွားမည် ဖြစ်ပါသည်။ ပါရမီတက္ကသိုလ်သည် အမေရိကန်နိုင်ငံရှိ ကောလိပ်များ၊ တက္ကသိုလ်များ၏ သင်ကြားရေးနည်းစနစ်အတိုင်း သင်ကြားပို့ချပေးမည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အကျိုးအမြတ်မယူသည့် အနုဝိဇ္ဇာနှင့် သိပ္ပံပညာတက္ကသိုလ်တစ်ခု ဖြစ်ပါသည်။ ကျောင်းပရဝုဏ်အတွင်း ရှိ အဆောင်များတွင် နှစ်စဉ် ကျောင်းသား၊ ကျောင်းသူဦးရေ (၆၀၀) ကျော် လက်ခံထားရှိနိုင်မည်ဖြစ်ပြီး တက်ရောက်သူ အားလုံးမှာ နည်းစနစ်တကျ ကြပ်မတ်သင်ကြားပေးမည့် (၄) နှစ်ကြာ အနုဝိဇ္ဇာနှင့် သိပ္ပံပညာ ဘွဲ့ဒီဂရီတန်းခွဲ တစ်ခုအား တက်ရောက်ရမည် ဖြစ်ပါသည်။

ပါရမီတက္ကသိုလ် ပရဝုဏ်တွင် ကျောင်းသား (၄၀၀) ဦး တက်ရောက်နိုင်သည့် ခေတ်မီ စာသင်ခန်း (၂၄) ခန်းနှင့် ကျောင်းသား၊ ကျောင်းသူများများအတွက် သက်တောင့်သက်သာရှိသော ကျောင်းဆောင်တစ်ခု ဖြစ်စေရန် လိုအပ်သည့် အခြားအသုံးအဆောင်ပစ္စည်းများထားရှိမည့် စတုရန်းပေ (၃၁,၂၀၀) အကျယ်အဝန်းရှိ အဆင့်မြင့် နှစ်ထပ် စာသင်ကျောင်း ဆောင်ကြီးတစ်ခု၊ ဆောက်လုပ်သွားမည် ဖြစ်သည်။ ထိုကျောင်းပရဝုဏ်သည် ကျောင်းသား၊ ကျောင်းသူများ၊ သင်ကြားရေးအဖွဲ့များအနေဖြင့် ပညာရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် အကောင်းဆုံး ပတ်ဝန်းကျင်တစ်ခု ဖန်တီးတည်ဆောက် သွားမည် ဖြစ်သည်။

ကမ္ဘောဇဘဏ်တွင်း အသစ်ဖွဲ့စည်းထားသော Social Purpose and Impact Partnerships Committee ၏ လေ့လာအကဲဖြတ် အကြံပြုထောက်ခံချက်အရ ယခုလှူဒါန်းငွေကို ခေတ်မီကျောင်းဆောင်ကြီးတွင် လူပေါင်း (၄၅၀) ဆန့်သည့် ခန်းမဆောင်ကြီးတစ်ခု ဆောက်လုပ်နိုင်ရန်အတွက် ဦးတည် လှူဒါန်းခြင်း ဖြစ်ပါသည်။ “ကမ္ဘောဇ ခန်းမဆောင်” ဟု အမည်ခေါ်ဆိုသတ်မှတ်မည့် အဆိုပါ ခန်းမဆောင်တွင် ခမ်းနားသည့် စင်မြင့်တစ်ခု၊ နောက်ဆုံးပေါ် ခေတ်မီ ဗီဒီယို၊ အသံနှင့် အလင်းရောင် စနစ်များအပြင် projector ခန်းတစ်ခုကို ကျောင်းတွင်းလှုပ်ရှားမှု အမျိုးမျိုးအတွက် လိုအပ်သလို အသုံးပြုနိုင်ရန် ထည့်သွင်းတည်ဆောက်ထားမည် ဖြစ်သည်။ အဆိုပါ ခန်းမဆောင်ကြီးတွင် ကျောင်းသား၊ ကျောင်းသူများအတွက် သင်ကြားရေး အထောက်အကူပြု အခမ်းအနားများ၊ ဟောပြောပွဲများ၊ ပညာရေး နှီးနှော ဖလှယ်ပွဲများ၊ ပြပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ကျောင်းဆင်းပွဲ အခမ်းအနားများ၊ ဂုဏ်ပြုပွဲများ အပါအဝင် အဖွဲ့အစည်း အသီးသီးမှ ပြင်ပဧည့်သည်များနှင့်အတူ ဆင်နွှဲလိုသည့် လှုပ်ရှားမှုများစွာအတွက် ပင်မ စုဝေးရာနေရာတစ်ခု ဖြစ်လာမည် ဖြစ်ပါသည်။

ပါရမီတက္ကသိုလ်၏ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာ ကျော်မိုးထွန်း မှ ကမ္ဘောဇဘဏ်၏ ဒုတိယ အမှုဆောင်အရာရှိချုပ် နန်းခမ်းနောင့် ထံသို့ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ ၈ရက် တွင် ကျင်းပသည့် ပါရမီအင်စတီကျု့ ဂုဏ်ပြုညစာစားပွဲတွင် အမှတ်တရဂုဏ်ပြုကျေးဇူးတင်လွှာအားပေးအပ်ခဲ့စဉ်

ပါရမီတက္ကသိုလ်၏ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာ ကျော်မိုးထွန်း မှ ကမ္ဘောဇဘဏ်၏ ဒုတိယ အမှုဆောင်အရာရှိချုပ် နန်းခမ်းနောင့် ထံသို့ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ ၈ရက် တွင် ကျင်းပသည့် ပါရမီအင်စတီကျု့ ဂုဏ်ပြုညစာစားပွဲတွင် အမှတ်တရဂုဏ်ပြုကျေးဇူးတင်လွှာအားပေးအပ်ခဲ့စဉ်

ပါရမီတက္ကသိုလ်၏ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာ ကျော်မိုးထွန်း နှင့် ကမ္ဘောဇဘဏ်၏ ဒုတိယ အမှုဆောင်အရာရှိချုပ် နန်းလိုင်ခမ်းတို့မှ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက် တွင် ကျင်းပပြုလုပ်သည့် လက်မှတ်ရေးထိုးပွဲအခမ်းအနား တွင် လက်မှတ်ရေးထိုးစဉ်

ပါရမီတက္ကသိုလ်၏ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာ ကျော်မိုးထွန်း နှင့် ကမ္ဘောဇဘဏ်၏ ဒုတိယ အမှုဆောင်အရာရှိချုပ် နန်းလိုင်ခမ်းတို့မှ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက် တွင် ကျင်းပပြုလုပ်သည့် လက်မှတ်ရေးထိုးပွဲအခမ်းအနား တွင် လက်မှတ်ရေးထိုးစဉ်

ယနေ့ ပါရမီအင်စတီကျု့မှ ကြီးမှူးကျင်းပခဲ့သည့် ဂုဏ်ပြုညစာစားပွဲတွင် ပါရမီတက္ကသိုလ်၏ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာ ကျော်မိုးထွန်းနှင့် ကမ္ဘောဇဘဏ်၏ ဒုတိယ အမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်ခမ်း တို့က ကမ္ဘောဇဘဏ်၏ လှူဒါန်းမှုအတွက် အသိအမှတ်ပြု လက်မှတ်ရေးထိုးခဲ့ကြပါသည်။

“ပြီးခဲ့တဲ့ သုံးနှစ်တာ ကာလအတွင်း ပါရမီဖောင်ဒေးရှင်းကို ပံ့ပိုးကူညီပေးခဲ့ရာကနေ အခုလို ပါရမီတက္ကသိုလ်အဖြစ် စတင်တည်ထောင်တဲ့ အချိန်မှာလည်း တစ်ဖက်တစ်လမ်းကနေ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျွန်မတို့ ကမ္ဘောဇဘဏ်ရဲ့ လူမှုရှေးရှု Social Purpose မဏ္ဍိုင် (၃) ခု အနက်က တစ်ခုဖြစ်တဲ့ အနာဂတ် စီးပွားရေးကဏ္ဍအတွက် ထူးချွန်ထက်မြက် သူတွေ မွေးထုတ်ပေးနိုင်ဖို့ဆိုတဲ့ အချက်နဲ့အညီ မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍ တိုးတက်မြင့်မားလာဖို့ ကြိုးစားပံ့ပိုးပေး သွားမှာ ဖြစ်ပါတယ်။ ပါရမီတက္ကသိုလ်ဟာဆိုရင် မြန်မာ ကျောင်းသား၊ ကျောင်းသူတွေကို နိုင်ငံတကာအဆင့်မီ အနုဝိဇ္ဇာ နဲ့ သိပ္ပံပညာရပ်တွေအပြင် ၂၁ ရာစုမှာ မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကိုပါ သင်ကြားပေးနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ နေရာဒေသ အသီးသီးက လူမှုရေး၊ စီးပွားရေး နောက်ခံမတူ ကွဲပြားကြတဲ့ တိုင်းရင်းသားလူငယ်တွေဟာ ပါရမီ တက္ကသိုလ်က ကျောင်းဆောင်တွေမှာ လာရောက်နေထိုင် ပညာသင်ယူရင်းကနေ သူတို့ရဲ့ဘဝ တိုးတက်ဖွံ့ဖြိုးလာစေပြီး နိုင်ငံရဲ့ အနာဂတ်ကို ဦးဆောင်လာနိုင်ကြမှာ ဖြစ်ပါတယ်။ ပါရမီတက္ကသိုလ်ရဲ့ ခန်းမဆောင်ကြီးကလည်း ကျောင်းဝန်းကို ပိုမို ခမ်းနားပြည့်စုံသွားစေပြီး ကျောင်းသား၊ ကျောင်းသူတွေ ပညာသင်ကြားနေတဲ့ ကာလပတ်လုံး ထိထိရောက်ရောက် အကျိုးပြုနိုင်မယ်လို့ ယုံကြည်တဲ့အတွက် ကမ္ဘောဇဘဏ်ကနေ အခုလို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်” ဟု ဒေါ်နန်းလိုင်ခမ်း ကပြောသည်။

ပါရမီတက္ကသိုလ် ကျောင်းပရဝုဏ်သစ်အတွက် ပညာရှင်မှ ရေးဆွဲထားသည့်ပုံကြမ်း

ပါရမီတက္ကသိုလ် ကျောင်းပရဝုဏ်သစ်အတွက် ပညာရှင်မှ ရေးဆွဲထားသည့်ပုံကြမ်း

 

ပါရမီတက္ကသိုလ် ကျောင်းပရဝုဏ်အသစ်တွင် ဆောက်လုပ်မည့် ခန်းမဆောင်အား ပညာရှင်မှ ရေးဆွဲသည့် ပုံကြမ်း

ပါရမီတက္ကသိုလ် ကျောင်းပရဝုဏ်အသစ်တွင် ဆောက်လုပ်မည့် ခန်းမဆောင်အား ပညာရှင်မှ ရေးဆွဲသည့် ပုံကြမ်း

 

ပါရမီတက္ကသိုလ် ကျောင်းပရဝုဏ်အသစ်တွင် ဆောက်လုပ်မည့် ခန်းမဆောင်၏ အဆောက်အဦးပုံစံငယ်

ပါရမီတက္ကသိုလ် ကျောင်းပရဝုဏ်အသစ်တွင် ဆောက်လုပ်မည့် ခန်းမဆောင်၏ အဆောက်အဦးပုံစံငယ်

၂၀၁၈ ခုနှစ်တွင် ပါရမီအင်စတီကျု့သို့ တက်ရောက် ပညာသင်ကြားနိုင်ရန် ကျောင်းသား (၃၃) ဦးအတွက် ပညာသင် ဆုနှင့် ထောက်ပံ့ကြေးငွေများအဖြစ် အမေရိကန်ဒေါ်လာ (၂၀,၀၀၀) ပေးအပ်လှူဒါန်းခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် ဆဋ္ဌမ အကြိမ်မြောက် ပါရမီ ခေါင်းဆောင်မှုရေးရာ တန်းခွဲမှ ကျောင်းသား (၄) ဦးအတွက် တစ်ဦးလျင် အမေရိကန်ဒေါ်လာ (၅,၀၀၀) တန်ဖိုးရှိ ရာနှုန်းပြည့် ပညာသင်ဆုများ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။ မကြာသေးမီ နှစ်များအတွင်း ကမ္ဘောဇဘဏ်မှ ပေးအပ်ခဲ့သည့် ပညာသင်ဆုများမှာ –

● အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် – ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ကျောင်းသား (၂၀၀) ဦး
● Pre Collegiate Program – ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကျောင်းသား (၆) ဦး
● United World College of South East Asia: UWCSEA – ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ် အထိ ကျောင်းသား (၂) ဦး
● Myanmar Metropolitan College – ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ခုနှစ် အထိ ကျောင်းသား (၂) ဦး

ပါရမီတက္ကသိုလ်မှ ဘွဲ့ရရှိသူများသည် ပါရမီတက္ကသိုလ်မှ ပေးအပ်သည့် ဒီဂရီဘွဲ့အပြင် မိတ်ဖက်ကောလိပ် တစ်ခုဖြစ်သည့် အမေရိကန်နိုင်ငံတွင် ဂုဏ်သတင်း ကျော်စောသည့် အနုဝိဇ္ဇာနှင့် သိပ္ပံပညာကောလိပ် ဖြစ်သော Bard College မှ ပေးအပ်သည့် ဘွဲ့ဒီဂရီ တစ်ခုကိုပါ လက်ခံရရှိမည် ဖြစ်ပါသည်။ ပါရမီတက္ကသိုလ်၏ သင်ကြားရေးအဖွဲ့တွင် ပြည်တွင်း၊ ပြည်ပမှ နိုင်ငံတကာအသိမှတ်ပြု ပါရဂူဘွဲ့ရ ဆရာ၊ ဆရာမများ ပါဝင်မည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် နယ်ပယ်အသီးသီးတွင် ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်သော ခေါင်းဆောင်များ၊ တွေးခေါ်ဆန်းစစ်သူများနှင့် တီထွင်ကြံဆသူများ ဖြစ်လာစေရန် လိုအပ်သည့်စွမ်းရည်များကို စနစ်တကျ ပြုစုထားသော ဘာသာစုံ သင်ရိုးညွှန်းတန်းများ မှတစ်ဆင့် ဦးဆောင်လေ့ကျင့် သင်ကြားပေးသွားမည် ဖြစ်ပါသည်။

“ပါရမီအင်စတီကျု့နဲ့ ပါရမီတက္ကသိုလ်အနေနဲ့ အနုဝိဇ္ဇာနှင့် သိပ္ပံပညာကနေ နည်းစနစ်တကျ ဝေဖန်သုံးသပ်နိုင်စွမ်း၊ ရှေ့တန်းကနေ ဦးဆောင်နိုင်စွမ်းနဲ့ ဂရုဏာရှေ့ထားပြီး လုပ်ကိုင်နိုင်စွမ်းတွေ ပြည့်ဝတဲ့ အနာဂတ်ခေါင်းဆောင်တွေ၊ ကမ္ဘာနဲ့အညီ ရင်ဘောင်တန်းနိုင်တဲ့ မြန်မာနိုင်ငံသားတွေ ပေါ်ထွက်လာအောင် လေ့ကျင့်ပျိုးထောင်ပေးဖို့ မျှော်မှန်းထားပါတယ်။ အကျိုးအမြတ်မယူတဲ့ ပရဟိတ အင်စတီကျု့တစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ အနာဂတ် ပန်းတိုင်တွေ၊ လုပ်ငန်းစဉ်တွေ အကောင်အထည်ပေါ်ဖို့ရာ ပံ့ပိုးကူညီပေးတဲ့ ကမ္ဘောဇဘဏ်လိုမျိုး အလှူရှင်တွေကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ နောက်ပိုင်းမှာလည်း ပါရမီတက္ကသိုလ်နဲ့ ကျောင်းပုရဝုဏ်သစ်ကြီးအကြောင်း သတင်းအချက်အလက် တွေကို တင်ပြပေးသွားပါမယ်” ဟု ပါရမီတက္ကသိုလ်၏ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာ ကျော်မိုးထွန်း က ပြောသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top